
လူဦးရေ (၄ဝဝ) ခန့်ဟာ အဲဒီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ဘေးလွတ်ရာနေရာတွေမှာ ကြုံသလို ပြောင်းရွှေ့နေထိုင်နေရပြီး တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် ဒုက္ခရောက်နေတယ်လို့ အဲဒီဒုက္ခသည်တွေ အရေးဆောင်ရွက်ပေးပြီး ရန်ကုန်မြို့ကို ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့လူမှုဖွံ့ဖြိုး တိုးတက်မှုကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က RFA ကို ပြောပါတယ်။
ဒေသခံတွေဟာ အဲဒီနေရာမှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း (၃ဝ) နီးပါးရှိပြီလို့ သိရပြီး အရင်က အခုလို မြစ်ရေတိုက်စားမှုကြောင့် အိမ်တွေပြိုကျခဲ့တာ မရှိဖူးဘူးလို့ လည်းသိရပါတယ်။
အခုလို မြစ်ကမ်းပါးပြိုကျမှုဟာ စစ်တောင်းမြစ် ဒီရေတက်တဲ့ နေ့တွေမှာ ဖြစ်ပေါ်နေတာလို့လဲ ပြောကြပါတယ်။
RFA