Headlines News :
Home » » အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု

Written By လွင့်မောင်မောင် on Tuesday, November 27, 2012 | 11:59 PM

 ယ ခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများ အတွက် ထောက်ပံ့ကြေးတောင်းခံမှု ကို ပြည်ထောင်စုလွှတ်တော် မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊ အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ
အိမ်အကူလုပ်သားလေးဦးအတွက် တစ်နှစ်စာလစာငွေ ကျပ် ၄၃ သိန်းနှင့် လက်ရှိနိုင်ငံတော် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အဆင့်ရှိ ပုဂ္ဂိုလ်(၁၀၂)ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ် ၆၇ ဦးတို့၏ အိမ်အကူ လုပ်သား(၄၁၇)ဦးအတွက် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့် ပြည်ထောင်စုလွှတ်တော်မှခွင့်ပြုပေးခဲ့သည်။

ယခင်က အငြိမ်းစားနိုင်ငံတော်အကြီးအကဲများနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများ အတွက် ငွေကျပ်သန်းပေါင်း ၃၁၅.၀၁၀ သန်းကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သော်လည်း မလောက်ငသည့်အတွက် ၎င်းပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများအား လစာပေးနိုင်ရန် ၁၉၇.၀၅၂ သန်းကို ထပ်မံတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့သော်လည်း လက်ရှိနိုင်ငံတော်တာဝန် ထမ်းဆောင်လျက်ရှိသော သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများမှာ ယင်းခံစားခွင့်များကို ခံစားခွင့်မရှိကြောင်း လွှတ်တော်ကအတည်ပြုခဲ့သည်။

Yangon chronicle
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template