Headlines News :
Home » » ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...

ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...

Written By လွင့်မောင်မောင် on Thursday, November 29, 2012 | 3:02 PM

 
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်မ်း
Photo..ကိုဝိုင်ဝိုင်ကေ..The messenger journal ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သောမီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖား ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။ဖော့စဖားသည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ်အက်စစ်ဖြစ်ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေကိုပါလောင်ကြွမ်းနိုင်ခြင်း စသောအစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်းဒဏ်ရာများ အရေပြားလောင်ကြွမ်းဒဏ်ရာများသည် ဖော့စဖား၏ အာနိသင်ကြောင့်ဟုယူဆနိုင်သည်။

သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူးသဖြင့် လူစုခွဲရန်နှင့်အထိကရုန်းနှိမ်နင်းရာတွင်အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်းမရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်မေးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟုမျှော်လင့်ရသည်။ ထို့အပြင် ထိုမီးလောင်ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့်အဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများဖြင့် အထူးဂရုပြုစစ်ဆေးသင့်ကြောင်း အကြံပြုအပ်ပါသည်။

ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်

............................................................... စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။

လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။

အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။

အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
------------------------------------------------------------------------------------------------------------
ပခုက္ကု အလယ်တိုက်မှ ဦးစန္ဒောဘာသ ဒဏ်ရာပြင်းထန်
………………………………………………………………..
ထိုင်သပိတ် ဆန္ဒ ထုတ်ဖော်နေသော ပခုက္ကူ အလယ်တိုက် မှ သက်တော်
၂၅နှစ် ရှိ ဦး စန္ဒောဘာသ ၏ ပေါင်ပေါ်သို့ မဲမဲ အလုံးကြီး ကျရောက်ပြီး
အနီးကပ် ပေါက်ကွဲမှု ကြောင့် မျက်နှာနှင့် ခန္ဒာကိုယ် တစ်ခုလုံး
လောင်ကျွမ်းခဲ့ကြောင်း ဆရာတော်နှင့် အနီးကပ် ရှိသူ ဦးဇဝန
က ပြောကြားသည်။

ဒဏ်ရာ သေးသေး ကြီးကြီး အသားတွေ ကျက်သွားကြောင်း၊ သံဃာ
အပါး ၆၀ ကျော် အပါအဝင် ဒဏ်ရာရသည့် သူများ အားလုံး ကို ဆေးရုံသို့ ပို့ထားပြီး ၁၀ပါးက ဒဏ်ရာ ပြင်းထန်သည်ဟု ဆရာတော်က ဆိုသည်။ The Voice Weekly


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template