Headlines News :
Home » » လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒုတိယအကြိမ် ဆန္ဒပြ
လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒုတိယအကြိမ် ဆန္ဒပြ
Written By လွင့်မောင်မောင် on Tuesday, November 27, 2012 | 8:44 PM
ရန်ကုန်၊နိုဝင်ဘာလ ၂၇။
ယနေ့ ညနေ ၅ နာရီ ၃၀မိနစ် ၀န်းကျင်ခန့်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတမ်း လမ်းမကြီး အတွင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ယမန်နေ့က ဆန္ဒပြရာတွင် ဦးဆောင်သူများ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းနှင့် ပက်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် “လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး” “ဒို့အရေး”၊ “ဖမ်းဆီးအကျဉ်းသား လွှတ်ပေးရေး” “ဒို့အရေး” ဟုကြွေးကြော် ဆန္ဒပြခဲ့ကြောင်းနှင့် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုခွဲ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။
“ကျနော်တို့ ဒီနေ့လုပ်ဖြစ်တဲ့ အကြောင်းက ၂ ချက်ရှိတယ်ဗျ၊ ပထမအချက်က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ဖို့ရယ်၊ဒုတိယ အချက်က မနေ့က ဆန္ဒပြတဲ့အခါ ခေါင်းဆောင်တွေကို ဖမ်းဆီးအချုပ် ချထားတာကိုပြန်လွှတ်ပေးဖို့လုပ်ဖြစ်တာပါ”ဟု ဗဟို ကျောင်းသား သမဂ္ဂ ဗဟိုအလုပ် အမှုဆောင် တွဲဘက် အတွင်းရေး ကိုမင်းသွေးသစ်က ဆန္ဒပြရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
စူးရှ (မြန်မာ့ခေတ်)
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template