
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင်ရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားပေးကြရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၂၈ ရက်နေ့ည ၈ နာရီ ၅၀ မိနစ်အချိန်က အသိပေးပြောကြားနေစဉ် ---
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာရှိ သပိတ်စခန်းများ၌ စုဝေးနေသူများအား ယနေ့(နိုဝင်ဘာလ ၂၈ရက်နေ့)ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာလ ၂၈ရက်နေ့)ည ၇နာရီခွဲ တွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံ၍ ကြောငြာခဲ့ကြောင်း သိရသည်။