Headlines News :
Home » » လက်ပံတောင်းတောင်မှ ကိုယ်တွေ့တင်ပြချက်များ

လက်ပံတောင်းတောင်မှ ကိုယ်တွေ့တင်ပြချက်များ

Written By လွင့်မောင်မောင် on Thursday, November 29, 2012 | 4:07 PM

=ကျော်သူ (လက်ပံတောင်းတောင်မှတိုက်ရိုက်ပေးပို့သည်)
==========================================
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်၍ ဆန္ဒပြသပိတ်စခန်း (၆) ခုစလုံးကို ယနေ့နံနက် ၃ နာရီခန့်တွင် အင်အား ၅၀၀၀ ဖြင့် မီးရှို့ဖြိုခွင်း ခဲ့ကြောင်း ဒေသခံ
များထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၃၀ ကျော် နှင့် လူအများအပြား မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး စခန်း(၆)ခုစလုံး မှာ မီးလောင်သွားခဲ့ကြောင်းသိရသည်။

"ဒီနေ့မနက် ၃ နာရီလောက်မှာ မီးသတ်ပိုက်နဲ့ အရင်ဆုံးထိုးတယ် ပြီးတော့ မီးလောင်ဗုံးတွေနဲ့ပစ်တယ် ၊ သင်္ဃန်းပေါ်တွေကျတာခါချရင်း မီးလောင် ဒဏ်ရာတွေရ ကုန်တယ် ၀က်မှေးရွာက မဖြူဖြူဝင်းဆိုရင် မျက်နှာရောလက်မောင်းပါ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တယ် ၊ သပိတ်စခန်း (၆)ခုမှာ သံဃာတော် အပါး ၃၀၀ ကျော် နဲ့ လူတစ်ရာကျော် လောက်စခန်းထဲမှာရှိနေကြတယ် ဒဏ်ရာရတဲ့သူတွေက အသားမှာ မီးလောင်တဲ့ဒဏ်ရာတွေ ရကြတယ် " ဟု သပိတ်ကို ဦးဆောင်သူ ကိုယ်တိုင် အရိုက်ခံခဲ့ရသူ ကိုဝင်းကျော်မှူး ကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့နံနက် ၈ နာရီတွင် ရဲမှူးကြီးနှင့် ညှိနှိုင်းဆောင် ရွက်နေကြောင်း သိရသည်။ ယင်းအခြေအနေကြောင့် ၀မ်ပေါင်ကုမ္ပဏီရှေ့ရှိ ပုသိမ်-မုံရွာ ကားလမ်းမကြီး တစ်ဝိုက်ကို ပိတ်ထားပြီး ၀မ်ပေါင် ကုမ္ပဏီတစ်ဝိုက်ကို သံစူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။

"မနက်စောစောဆိုတော့မှောင်မှောင်မဲမဲ ထဲမှာ ကိုယ်လွတ်ရုန်းပြေးရတာ ၊ ရဲအင်အား ၅၀၀၀ လောက်ရှိမယ် ၊ မီးလောင်ပြီး ဒဏ်ရရတဲ့သူတွေအများဆုံးပဲ " ဟု အဆိုပါဒေသခံ တစ်ဦးကပြောသည်။

ဒဏ်ရာရရှိသူများကို မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး သံဃာတော် အပါး ၃၀ ခန့် ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မုံရွာပြည့်သူ့ဆေးရုံအုပ်ကြီးက "ကုသရေးကို ဦးစားပေးနေလို့ နောက်မှ သတင်းထုတ်ပြန်ပေးပါ့မယ် ၊ ထိန်ချန်ထားစရာမရှိပါဘူး " ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် ဒေသ ချင်းတွင်းမြစ် အနောက်ဖက် ကံကုန်း ရွာကွင်းပြင်တွင် ယနေ့ ဟောပြောပွဲ ပြုလုပ်မည်ဟု ဒေသခံများကပြောသည်။

မုံရွာကြေးနီတောင် ရောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ကိုယ်တွေ့ တင်ပြချက် သတင်း

ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။

ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင် ၀မ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။

ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့ အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက် တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။

ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင် အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။

မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။

ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။

မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းမျာါးစွာ နှင့်အတူ ကျနော်တို့ စောင့်ဆိုင်းနေသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template