Headlines News :
Home » , » "အေ့ဒ်စ်ဝေဒနာရှင်များအတွက် ART ဆေးဝယ်ယူရေး ကလင်တန်ဖောင်ဒေးရှင်း ကူညီမည်"

"အေ့ဒ်စ်ဝေဒနာရှင်များအတွက် ART ဆေးဝယ်ယူရေး ကလင်တန်ဖောင်ဒေးရှင်း ကူညီမည်"

Written By လွင့်မောင်မောင် on Thursday, May 30, 2013 | 4:06 PM

အေ့ဒ်စ်ဝေဒနာရှင်များအတွက် ART ဆေးဝယ်ယူ ရေးကို အမေရိကန်အခြေစိုက် ကလင်တန်ဖောင်ဒေးရှင်းက ကူညီပေးသွားရန် သဘောတူညီမှု ရရှိထားပြီဖြစ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက ပြောသည်။ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယမန်နှစ်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ချပေးသော ဘတ်ဂျက်ငွေ လေးဆ တိုးမြှင့်ရရှိပြီးနောက် အေ့ဒ်စ်ဝေဒနာရှင်များ အတွက် ပထမဆုံးအကြိမ် ART ဆေးဝယ်ယူရန် ပြည်တွင်းရှိ ဆေးကုမ္ပဏီများအား တင်ဒါခေါ်ယူခဲ့ရာ ဆေးကုမ္ပဏီများက လိုအပ်ချက်ပြည့်မီအောင် မတင် သွင်းနိုင်သည့်အတွက် ဆေးဝယ်ယူရေး အစီအစဉ်မှာ ရပ်ဆိုင်းခဲ့ရကြောင်း၊ သို့ရာတွင် ART ဆေးအစား HIV ရောဂါပိုးအရေအတွက်အားစစ်ဆေးသည့် Test Kit ခြောက်သိန်းကျော်ကို အစားထိုးဝယ်ယူနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကလင်တန်ဖောင်ဒေရှင်း တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ကလင် တန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံရှိအေ့ဒ်စ်ဝေဒနာရှင်များအတွက် လိုအပ် သည့် ART ဆေးဝါးဝယ်ယူ ရရှိရေးအတွက် ကူညီပေး သွားမည်ဟု သဘောတူညီချက်ရရှိခဲ့ကြောင်း ၎င်းက ဆို သည်။

ရင်ကတော့ ART ဆေးဝယ်ယူရေးအတွက် ကုမ္ပဏီတွေကလည်း မသွင်းနိုင်၊ အစိုးရအပိုင်းကလည်း Sanction တွေကြောင့် သွားမဝယ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီနှစ်ကျတော့ အမေရိကန်-မြန်မာဆက်ဆံရေး ပြောင်းလဲ သွားပြီးတဲ့နောက်ပိုင်း ကလင်တန်ဖောင်ဒေးရှင်းကနေ ကျွန်တော်တို့လိုတဲ့ ART ဆေးကို ဈေးနှုန်းသက်သာစွာနဲ့ မရရအောင် ကူညီပေးသွားမယ်လို့ သဘောတူ လက်မှတ် ရေးထိုးသွားတယ်။

ဒီသဘောတူညီချက်အရ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ နောက်နှစ်ကစပြီး အေ့ဒ်စ်ဝေဒနာရှင် တွေကို ART ဆေးစပေးနိုင်မယ်ဟု ၎င်းက ထပ်မံပြော သည်။ကျန်းမာရေးဝန်ကြီးဌာနနှင့် UNAIDS တို့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အေ့ဒ်စ်ဝေဒနာ ရှင်ပေါင်း ၂၄ဝဝဝဝ ကျော်ရှိသည့်အနက် ART ဆေး ဝါးလိုအပ်သော လူနာအရေအတွက်၏ ၅၇ ရာခိုင်နှုန်း ကိုသာ ဆေးများပေးဝေနိုင်သည်။

သူရထွန်း

Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template