Headlines News :
Home » » အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ၀ ပြုနိုင်တော့မည်

အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ၀ ပြုနိုင်တော့မည်

Written By လွင့်မောင်မောင် on Tuesday, May 28, 2013 | 5:38 PM



နှစ်စဉ် အာဇာနည်နေ့တွေမှသာ ၀င်ခွင့်ပြုခဲ့တဲ့ ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို လာမယ့် ဇွန် ၁ ရက်နေ့ကစပြီး အများပြည်သူ ၀င်ရောက်ကြည့်ရှုနိုင်ဖို့  ဖွင့်လှစ်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

အာဇာနည်ဗိမာန်ကို တနင်္လာနေ့မှအပ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိ ဖွင့်ပေးမှာ ဖြစ်ပြီး ၀င်ကြေးကတော့ လူကြီး ၁ ယောက်ကို ကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀ နဲ့ နိုင်ငံခြားသား ၃ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရပါတယ်။

အာဇာနည်ဗိမာန်မှာ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်စဉ် မြောက်ကိုရီးယားတွေရဲ့ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အများပြည်သူ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

 by ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template