Headlines News :
Home » » ကမ္ဘာ့ပထမဆုံး Scan စက်ပါသော LG ကွန်ပြူတာ မောက်စ်

ကမ္ဘာ့ပထမဆုံး Scan စက်ပါသော LG ကွန်ပြူတာ မောက်စ်

Written By လွင့်မောင်မောင် on Wednesday, May 29, 2013 | 10:38 AM


                  LG LSM-100 5 Button Scanner Mouse with Scroll Wheel and Scan Button



တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ LG မှ ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ ပထမဆုံး အီလက်ထရောနစ် Gadget တစ်ခု ဖြစ်ပါတယ်။ Scan စက်ရော၊ ကွန်ပြူတာ မောကစ် အနေနဲ့ရော တစ်ခါတည်း အသုံးပြုရမှာ ဖြစ် ပါတယ်။

LG LSM-100 Smart Scan Mouse Scanner လို့အမည်ပေးထားပြီး A3 အရွယ်အထိ Scan ဖတ်လို့ရပါတယ်။ မော့က်စ်ရဲ့ အောက်က မျက်နှာပြင် သေးသေးလေးနဲ့ ဘယ်လို Scan ဖတ်မလဲလို့ မေးခွန်း ထုတ်သူများ ရှိပါတယ်။ အမှန်တော့ Scan ဖတ်မယ့် စာရွက်ပေါ်က ခဲဖျက်ဖျက်သလို အပြည့်ပေါ်အောင် တစ်နေရာကနေ တစ်နေရာ နေရာ စုံ ရောက်အောင်ပို့ပေးပြီး Scan ဖတ်ပေးရမှာ ဖြစ်ပါတယ်။

680 x 480 pixels @30Hz အထိ အရွယ် လက်ခံပါတယ်။ သာမန် Scan စက်တစ်လုံးလိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းအမှောင်ချိန်ညှိခြင်း၊ အရွယ် ကြီးခြင်း၊ ငယ်ခြင်း အစရှိသဖြင့် Image editing တို့ကိုလည်း မောက်စ်နဲ့ တစ်ခါတည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Facebook, Twitter, Flicker အစရှိသဖြင့် Social website တွေကိုလည်း ကို Scan ဖတ်ထားတဲ့ ပုံကို အလွယ်တကူ Share လို့ ရပါတယ်။ Scan ဖတ်လို့ရတဲ့ စာရွက်ကို Microsoft Office word ပေါ်တင်ပြီး စာကြောင်းများ ပြန်လည် ပြင်ဆင်တာ က အစတောင် ပြုလုပ်ဖို့အတွက် Interface အများကြီး ပေးထားပါတယ်။ သာမန် Scan တစ်လုံးပဲ ဖြစ်ပါတယ်။

USB 2.0 သာမန် Mouse တစ်လုံးကြိုး ဖြစ်ပြီး ဘယ် ပါဝါမှ ထပ်သုံးစရာ မလိုပါဘူး။ PC က ဓာတ်အားကိုပဲ ခွဲသုံးသွားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၉၀ ဝန်းကျင်မှာပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာငွေနဲ့ တွက်ရင် ၈ သောင်းဝန်းကျင်ပဲ ရှိပါတယ်။ LG ကုန်ပစ္စည်းများ တိုက်ရိုက်မှာယူပေးနေတဲ့ အီလက်ထရောနစ် ကုမ္မဏီကြီးတွေမှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

LSM-100 ရဲ့  အသုံးပြုပုံ ဗီဒီယိုနဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ --

http://amzn.to/10zh4xb

ရိုးရာလေး နည်းပညာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template