Headlines News :
Home » » နေပြည်တော်တွင် သွေးလွန်တုပ်ကွေး အဖြစ်များ၍ အရေးပေါ်ကာလ သတ်မှတ်

နေပြည်တော်တွင် သွေးလွန်တုပ်ကွေး အဖြစ်များ၍ အရေးပေါ်ကာလ သတ်မှတ်

Written By လွင့်မောင်မောင် on Monday, May 27, 2013 | 8:03 PM

 
 နေပြည်တော်၊ မေ- ၂၆

နေပြည်တော်ကောင်စီနယ်မြေတွင် ယခုလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀ ဦးခန့် ရှိလာ၍ အရေးပေါ်ကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူးဒေါက်တာထွန်းမြင့်ကပြောသည်။

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ ယနေ့အထိ နေပြည်တော် ရှစ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရေအတွက်မှာ ၁၇၂ဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။

ထို့အပြင် ဆေးရုံသို့ရောက်မလာသောသွေး လွန်တုပ်ကွေးလူနာများလည်းရှိနိုင်သည်။ အဆိုပါ ဦးရေထဲမှ ယခုလအတွင်း ၄၀ ဦးခန့်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ “၄၀ ကျော်လောက်ဖြစ်လာပြီဆိုတော့ အရေးပေါ်လို့ပဲ သတ်မှတ်ရမှာပေါ့” ဟု ဒေါက်တာထွန်းမြင့်ကပြောသည်။

သုံးလအတွင်း နေပြည်တော်ရှစ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ တပ်ကုန်းမြို့နယ်တွင် ၅၉ ဦးရှိကာ အများဆုံးဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ဆက်စပ်လျက်ရှိသည့် ပုဗသီရိမြို့နယ်တွင် ၅၆ ဦး၊ ပျဉ်းမနားမြို့ နယ်တွင် ၂၃ဦး၊ လယ်ဝေးမြို့နယ် တွင် ၁၉ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၁၁ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် သုံးဦး၊ ဥတ္တရသီရိမြို့နယ်
တွင်တစ်ဦးဖြစ်ပွားခဲ့ကာ ဇဗူသီရိမြို့နယ်တွင်မူ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

မိုးရွာသွန်းလာ၍ ခြင်ပေါက်ဖွားရာသီရောက်သည့်အပြင် ကျောင်းဖွင့်ချိန်လည်း ရောက်ရှိတော့မည်ဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်၊ ကုသ၊ နှိမ်နင်းရေးလုပ်ငန်းများအရှိန်အဟုန်မြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်သော ဆေးရုံ၊ စာသင်ကျောင်း ပတ်ဝန်းကျင်များကိုဦးစားပေး
နှိမ်နင်းကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့အပြင် အဆိုပါရောဂါ ကာကွယ်၊ ကုသ၊ နှိမ်နင်းရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို သင် တန်းများစတင်ပို့ချလျက်ရှိပြီး ပြည်သူလူထုကိုလည်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ “ပြည်သူတွေကိုယ်တိုင် လိုက်နာလုပ် ဆောင်ဖို့က ပိုအရေးကြီးတယ်။ အထူးသဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဒါက ကာကွယ်ရေးမှာ အရေးအကြီးဆုံးပဲ”ဟူ၍လည်း၎င်းက ပြည်သူကို ရည်ရွယ်ပြီးပြောကြားသည်။

လက်ရှိအခြေအနေအရ သေဆုံးသူတစ်ဦးသာရှိသေး၍ နည်းသည်ဆိုသော်လည်း မသိလိုက်သည်များရှိနိုင်ပြီး ကလေးငယ်များ အသက်ရှင်သန်ရေးအတွက် ကုသခြင်း၊ စီမံခန့်ခွဲခြင်းများအရေးကြီးသည်။ ထို့ကြောင့် ဆေးရုံများတွင် ဆေးဝါးများပြည့်စုံစွာထားရှိပေးထားပြီး ချက်ချင်း ဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးလွင်ငြိမ်းကပြောကြားသည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template