Headlines News :
Home » » ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးအောက်ရောက်သည် အထိ ဒေါ်လာဈေး ပြန်ကျ

ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးအောက်ရောက်သည် အထိ ဒေါ်လာဈေး ပြန်ကျ

Written By လွင့်မောင်မောင် on Thursday, May 30, 2013 | 12:01 PM


 
 ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သည့် ဒေါ်လာလဲနှုန်း Reference Exchange Rate အောက် ရောက်သည်အထိ အမေရိကန်ဒေါ်လာ လဲနှုန်းမှာ ပြင်ပဈေးကွက်၌ ပြန်ကျဆင်းလာကြောင်း သိရသည်။

မေ ၂၉ ရက်တွင် ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် ၉၄၅ ကျပ်အထိ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၄၃ ကျပ်ဖြင့် လဲလှယ်လျက်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်မှ ယခုလပိုင်းများ အတွင်း နေ့စဉ်နီးပါး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို တိုး၍သတ်မှတ်လျက်ရှိခြင်း၊ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟူသော သတင်းများ ဖြန့်ခြင်း၊ အချို့ ကစားလိုခြင်းများကြောင့် ဒေါ်လာဈေးမှာ မေ ၂၃ ရက်က ၉၆၁ ကျပ်အထိ ဆက်တိုက်ထိုးတက် သွားခဲ့ရသည်။ သို့သော် မေ ၂၉ ရက်တွင် တစ်ဒေါ်လာ ၉၄၃ကျပ် ဖြစ်သည့်အတွက် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၈ ကျပ်အထိ ပြန်လည်ကျဆင်းလာခဲ့သည်။

ပြင်ပဈေးကွက် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေပြီး အသုံးလို၍ ၀ယ်ယူသည့်သူသာ ရှိနေရာ အမြတ်ရရေး ၀ယ်စုမည့်သူများ မရှိသည့်အတွက် . . .

ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန် ဒေါ်လာလဲနှုန်းမှာ နေ့စဉ်ဆက်တိုက် ထိုးတက်နေခဲ့ပြီး မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၄၆ ကျပ်၊ မေ ၂၇ ရက်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်အထိ တိုး၍ သတ်မှတ်ခဲ့သည်။

သို့သော် ပြင်ပဈေးကွက် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေပြီး အသုံးလို၍ ၀ယ်ယူသည့်သူသာ ရှိနေရာ အမြတ်ရရေး ၀ယ်စုမည့်သူများ မရှိသည့်အတွက် ထပ်မံမြင့်တက်ခြင်း မရှိဘဲ မေ ၂၈ ရက်မှစ၍ ပြန်လည် ကျဆင်းခဲ့သည်။

မေ ၂၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၉၄၆ ကျပ်သို့ ပြန်ဆင်းသွားပြီး ပြင်ပဈေးကွက်၌လည်း တစ်ဒေါ်လာကျပ် ၉၅၀ အထိ ပြန်ဆင်းခဲ့ခြင်း ဖြစ်သည်။

ယခင်က ဈေးမြင့်တက်ပြီဆိုပါက ကစားမည့်သူ၊ ၀ယ်စုသူများကြောင့် ဈေးကွက်ပိုမို မတည်မငြိမ် ဖြစ်ရသော်လည်း ယခုအခါတွင်မူ ထိုသို့ဝင်ကစားသူများ လိုက်ပါမလာတော့ဘဲ ပုံမှန်အရောင်းအ၀ယ်သာ ရှိခြင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည်ဦးမော့ လာမှုနှင့်အတူ နိုင်ငံတကာ ဈေးကွက်တွင်လည်း ဒေါ်လာတန်ဖိုးမှာ တည်ငြိမ်နေခြင်း စသည့်ဈေးကွက်မှန် အခြေအနေကြောင့် မည်မျှဆွဲတင် နေသည်ဖြစ်စေ ဈေးကွက်မှန်အတိုင်း ပြန်လည်ကျဆင်းခြင်းဟု သုံးသပ်နေကြသည်။

ကမ္ဘာ့ရွှေဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈၀၊ ၁၃၉၀ ၀န်းကျင်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template