Headlines News :
Home » » လားရှိုး ပဋိပက္ခ လူစိမ်းများ က စ

လားရှိုး ပဋိပက္ခ လူစိမ်းများ က စ

Written By လွင့်မောင်မောင် on Wednesday, May 29, 2013 | 6:23 AM


ရှမ်း ပြည် နယ် မြောက်ပိုင်း လား ရှိုး မြို့  တွင် မီးရှို့  မှု များ ဖြစ် ပွား ခြင်း သည် ဌာ နေ ဒေသ ခံ များ မဟုတ် သည့် လူ စိမ်း များ က စတင် သည် ဟု FNG မှ သတင်း ရရှိသည်။ ယနေ့  ညနေ တွင် ဈေး အနီး ရှိ မူဆလင် မိဘမဲ့ ကလေး ဂေဟာ ၊ ဘသာရေး စာသင် ကျောင်း ၊ ဆင်ကြယ် ဒံ ပေါက် ဆိုင် တို့  မှာ မီးရှို့ ဖျက်ဆီး ခံရ ပြီး ၊ အမှတ် ၉ ရပ် ကွက် ရှိ နေ အိမ် များ မှာ လည်း ဖျက်ဆီး ခံ ရသည်။

ယနေ့ နေ့  လည်း က အသက် ၃၈ နှစ် အရွယ် အမျိုး သမီး တစ်ဦး ကို အမျိုးသား တစ်ဦး က ဓာတ် ဆီ လောင်း ပြီး မီးရှို့ တိုက် ခိုက်မှု ဖြစ် ရာ မှ စတင် ခဲ့ ခြင်း ဖြစ်သည်။

ရဲတပ် ဖွဲ့  ထို တိုက် ခိုက်သည့် ရပ်ဝေး မှ လာ သော သူ ကို ဖမ်းဆီး ထား ပြီး နောက် လူ စု လူ ဝေး တစ်စု က ဖမ်းဆီး ထား သူ ကို ထုတ် ပေး ရန် ရဲ စခန်း ရှေ့  တွေ စု ရုံး ခဲ့ ခြင်း ဖြစ်သည်။

FNG မှ တယ်လီဖုန်း ဆက် သွယ် မေး မြန်း ချက် အရ “ ရဲ စခန်း ထဲ မှာ ဖမ်းထားတာ ကို ထုတ်ပေး ဖို့  တောင်း တဲ့ လူ တွေ ထဲ မှာ လာရှိုး က လူ တွေ မပါ ဘူး ဘယ်က လူ တွေလဲ မသိ ဘူး၊ အလျှို လျှို ဘဲ ရဲ စခန်း ကို ၀ိုင်း ကြတာ။ ညနေ ကျ တော့ လဲ ဒီလူ တွေ ဘဲ ဈေး နား က ဗလီ နဲ့  တည်း ခို ခန်း တွေ ကို မီး ရှို့ တာ ဟု လားရှိုး မြို့  မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦး က ပြောသည်။

ယနေ့  ည တွင် ပုဒ် မ ၁၄၄ ထုတ် ပြန် ထား ပြီး အခြေ အနေ ကို ငြိမ်သက် အောင် လုပ် ဆောင် နေသော် လည်း ၊ လူ စု ရုံး မှု နှင့် မငြိမ်သက် မှု များ ရှိ နေ ဆဲ ဖြစ်သည်။

FNG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template