Headlines News :
Home » » အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစမ်းဆဲဟုဆို

အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစမ်းဆဲဟုဆို

Written By လွင့်မောင်မောင် on Tuesday, May 28, 2013 | 5:54 PM

ရန်ကုန်၊ မေ ၂၇
ကင်မရွန်းနိုင်ငံက ဖျက်ဆီးလိုက်သော မြန်မာ့ဆန် တန်ချိန် ၇၀၀၀ အရည် အသွေးပျက်စီးရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သောကြောင့် အတည်မပြုနိုင် သေးကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။
ကင်မရွန်းနိုင်ငံ Douala ဆိပ်ကမ်းသို့ မေလ ၉ ရက်နေ့တွင် ရောက်ရှိခဲ့သော မြန်မာ့ဆန်တန်ချိန် ၇၀၀၀ သည် ပိုးမွှားပါဝင်မှုနှင့် သန့်ရှင်းမှုမရှိသည်ကို ကင်မရွန်းနိုင်ငံ ပြည်တွင်းဓာတ်ခွဲခန်း စစ်ဆေးရေး အဖွဲ့များက စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းဆန်များကို ဖျက်ဆီးပစ်ရန် ကင်မရွန်းအစိုးရ သက်ဆိုင်ရာဌာနက အမိန့် ထုတ်ပြန်လိုက်ကြောင်း Business in Cameroon သတင်းတွင် ဖော်ပြပြီးနောက် ၄င်းက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တို့တွင် ကင်မရွန်းသို့ တင်ပို့သည့် ဆန်ကုမ္ပဏီကို စုံစမ်းဖော်ထုတ်၍ အရည်အသွေး ပျက်စီးရသည့် အကြောင်းအရင်းကို အတည်ပြု ထုတ်ပြန်ပေးသွားမည်ဟု ၄င်းကဆိုသည်။
"အရည်အသွေးကြောင့် ဆိုရင် မြန်မာ့ဆန် နာမည်ပျက်တာပေါ့။ ပို့ကုန် ကဏ္ဍကိုလည်း ထိခိုက်နိုင်တယ်" ဟု ၄င်းကမှတ်ချက်ပြုသည်။

ကင်မရွန်းနိုင်ငံတွင် ဖျက်ဆီးခံရသော မြန်မာ့ဆန်များသည် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တင်ပို့သည့် ဆန်များဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ထုတ်ဖော် ပြောကြားသည်။

မြန်မာနိုင်ငံမှ ကင်မရွန်းသို့ သင်္ဘောဖြင့် ဆန်တင်ပို့ပါက ပုံမှန်တစ်လကျော်သာ ကြာမြင့်သော်လည်း အဆိုပါဆန် တင်ပို့ချိန်တွင် ဆိပ်ကမ်းအခက်အခဲကြောင့် လေးလနီးပါး ကြာမြင့်ခဲ့သည့်အတွက် သင်္ဘောပေါ်၌ လေဝင်လေထွက်မရှိ၍ လှောင်ပိတ်ကာ ပိုးမွှားတွယ်ကပ်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။
"ဒီကပို့တဲ့ အရည်အသွေးကြောင့်ဆိုရင် ကျွန်တော်တို့ဆီကို ဖြေရှင်းချက် တောင်းမှာပါ။ ခုတော့ ဘာမှမတောင်းပါဘူး" ဟု ၄င်းကဆိုသည်။

ရုရှားသို့တင်ပို့သည့် ပေါင်းဆန်များတွင် ဆန်ပိုးများ ပါဝင်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တစ်ဆင့် ၂၀၁၂ ခုနှစ်တွင် ဖြေရှင်းခဲ့ရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template