Headlines News :
Home » » ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ အဆင့်သင့်လို့ အေအယ်လ်ဒီ ပြော

ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ အဆင့်သင့်လို့ အေအယ်လ်ဒီ ပြော

Written By လွင့်မောင်မောင် on Wednesday, May 29, 2013 | 9:00 AM

ald-305.jpg
မေလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CEC နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Min Thein Aung
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် ရပ်တည်သွားဖို့ အဆင်သင့်ရှိနေကြောင်း ALD ပါတီတာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ရပ်မိရပ်ဖတွေ၊ မြို့ခံတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေနဲ့ ရခိုင်လူထုရဲ့ဆန္ဒအရ ပါတီ ၂ ခုကို အမြန်ဆုံးပေါင်းစည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ပါတီတာဝန်ရှိသူတွေနဲ့ လူထုတွေ့ဆုံပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီက ပါတီရဲ့မူဝါဒနဲ့ ရပ်တည်ချက်တွေအပြင် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template