Headlines News :
Home » » ဇွန်လ ၇ ရက်တွင် ရဲတိုက်ကို ရုံးထုတ်မည်

ဇွန်လ ၇ ရက်တွင် ရဲတိုက်ကို ရုံးထုတ်မည်

Written By လွင့်မောင်မောင် on Friday, May 31, 2013 | 5:11 PM

Photo: ဇွန်လ ၇ ရက်တွင် ရဲတိုက်ကို ရုံးထုတ်မည်

မေလ ၃၁ ရက် ၂၀၁၃

သရုပ်ဆောင်ရဲတိုက်အား ဇွန်လ ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်စစ်ဆေးမည်
ဖြစ်ကြောင်း ရဲတိုက် ၏ သူငယ်ချင်းဖြစ်သူ ကိုဇင်နောင် မှ မဇ္ဈိမ သို့ ပြောကြားခဲ့ပါသည်။

''ပြီးခဲ့တဲ့ မေလ ၂၉ ရက် မွန်းလွဲ ၁၁ နာရီအချိန်ကလည်း ဗိုလ်တထောင် တရားရုံးကို ရုံးထုတ်ခဲ့တယ်လို့ သိရတယ်။ အခု ထက်ထိတော့ အခြေအနေစောင့် ကြည့်နေ ရသေးတယ်။ အာမခံလည်း လောလော ဆယ် မရသေးပါဘူး။ ရဲတိုက်ဘက်က ခုချိန်ထိတော့ ရှေ့နေခေါ်တာ မတွေ့ရသေးပါဘူး။ ဥပဒေအတွင်းကနေပြီး ကူညီပေးလို့ရတာ မှန်သမျှကူညီပေးသွားမှာပါ။ အခု လက်ရှိ အချိန်ထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့ သိရပါတယ်'' ဟု ဆိုသည်။

ရဲတိုက်သည် မေလ ၂၈ ရက် မွန်းလွဲပိုင်းက စိန့်မေရီကာသီဒြယ်ဘုရား ကျောင်းရှေ့အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာတွင် ဝင်ခွင့်မပြုသဖြင့် ၁ နာရီ ၃ဝ မိနစ်ကြာ တစ်ကိုယ်တော်ဆန္ဒပြသခဲ့သဖြင့် ဗိုလ်တထောင်ရဲစခန်းမှ အရေးယူထားရသူ တစ်ဦး ဖြစ်သည်။ 

Mizzima 

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio

Mandalay FM Live Radio

လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template