Headlines News :
Home » » ၁၅၀၀တန်ဖုံးကဒ်အတွက်စည်းကမ်းမဲ့တာဝန်မဲ့စွာပြည်သူကိုစော်ကားနှိပ်ကွပ်သော လူသားမဆန်သောလုပ်ရပ်

၁၅၀၀တန်ဖုံးကဒ်အတွက်စည်းကမ်းမဲ့တာဝန်မဲ့စွာပြည်သူကိုစော်ကားနှိပ်ကွပ်သော လူသားမဆန်သောလုပ်ရပ်

Written By လွင့်မောင်မောင် on Sunday, May 26, 2013 | 9:46 AM








လုပ်ချင်သလိုလုပ်ခွင့်မရလို့ ဖြစ်ချင်သလိုဖြစ် ဆိုပြီး ဖိနပ်ချွတ်ကြမ်းပြင်ပေါ် ပစ်ချထားခံလိုက်ရတဲ့ လပွတ္တာမြို့မှ ၁၅၀၀ ဖုန်းကဒ်လျှောက်လွှာများ......

မြို့နယ်အာဏာပိုင်ဦးဆောင်သောကော်မတီ အစီအစဉ်ဖြင့် ၂၄.၅.၂၀၁၃ နောက်ဆုံးသတ်မှတ် တင်ထားသောလျှောက်လွှာများကို ရပ်ကွက်ကျေးရွာရုံးများသို့ပြောင်းလဲလျှောက်ထားရန် ညဖက်မှာမိုက်နဲ့ကြေငြာပြီး ၂၅ မနက် ဆက်သွယ်ရေးရုံးရှေ့ကြမ်းပြင် နှင့် မြက်ခင်းပေါ်တွင်စက္ကူစုတ်များလိုပစ်ချထားရာမြို့သူမြို့သားများ လေးဘက်ထောက်၍
ရွေးကောက်ပွဲ ဝင်နေကြရပုံ များပါ။

ကြိုက်တဲ့လူယူ ကြိုက်သလောက်ယူ ကြိုက်သလိုသုံး(ကွမ်းယာပဲထုတ်ထုတ်)စနစ်ဖြင့် စည်းကမ်းမဲ့တာဝန်မဲ့စွာ ပြည်သူကို စော်ကားနှိပ်ကွပ်သော လူသားမဆန်သောလုပ်ရပ်ကို ဦးဆောင်စီစဉ်သည့် မြို့နယ်မှတာဝန်ရှိပုဂ္ဂိုလ်တို့၏ တာဝန်မဲ့လုပ်ရပ်ကို နိင်ငံတော်နှင့်ပြည်သူအားလုံး မျက်ဝါးထင်ထင်မြင်ကြရအောင် အဆင့်ဆင့်တင်ပြပေးကြပါဦး။ 

အရင်တစ်ပတ်က ၁၅၀၀ ကဒ်များကိုလည်း မြို့ပေါ်ဆိုင်တစ်ချို့မှာ ၄/၅၀၀၀၀ ဖြင့် လက်သိပ်ထိုးလိုသလောက် ရနေပါတယ်။ရှုပ်ထွေးသောခွဲဝေမှူ့ပုံစံအမျိုးမျိုးဖြင့် တစ်သုတ်ကိုသုံးခါခွဲမဲနှိုက် ခေါင်းစဉ်အမျိုးမျိုးပြခွဲတမ်းချစားနေသည့်အတွက် မြို့သူမြို့သားများ နစ်နာခံပြင်းနေကြရသည်ကို သက်ဆိုင်ရာအထက်လူကြီးမင်းများမှ စီစစ်ရှင်းလင်း သိက္ခာဆယ်ကြပါဦးဗျို့..

သတင်းနှင့် ဓာတ်ပုံ -ဒေါင်းမာန်ဟုန် http://www.dawnmanhon.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template