Headlines News :
Home » » ဘင်္ဂလားပင်လယ်အော်ထဲ စုန်ဆန်မြောရှာတဲ့ မဗေဒါ

ဘင်္ဂလားပင်လယ်အော်ထဲ စုန်ဆန်မြောရှာတဲ့ မဗေဒါ

Written By လွင့်မောင်မောင် on Wednesday, May 29, 2013 | 11:54 AM


                           ဘင်္ဂလားပင်လယ်အော်ထဲ စုန်ဆန်မြောရှာတဲ့ မဗေဒါ
စိုးထိုက်

သူပြောတဲ့စကားတွေက သူ့ပြည်သူတွေအတွက် ၀ုန်းခနဲထတောက်လောက်စရာ စကားတွေမပါခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ပက်သက်လာတဲ့အခါတိုင်းမှာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေဖက်က ကာကွယ်ပြောဆိုခဲ့တဲ့အတွက် ဒီတစ်နှစ်အတွင်း နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ မျက်မုန်းအကျိုးခံရဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တော့ ဖြစ်ခဲ့ရပါတယ်။

သူ့လို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေဖြစ်တဲ့ တီမောက former president Jose Ramos-Horta နဲ့ ဘင်္ဂလားဒေ့ရှ်က Microfinance institution Grameen Bank ကို ထူထောင်သူ Muhammad Yunus တို့ရဲ့ မြန်မာနိုင်ငံဟာ သူ့ရဲ့ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးသင့်တယ်လို့ ဝေဖန်ပြောဆိုလာတဲ့အပေါ်မှာ သူက "Burma must decide itself" လို့ တုံ့ပြန်ခဲ့သူပါ။
 by May Popa (Notes)

"ကျွန်မတို့ ပြည်သူတွေဟာ မတူညီမှုတွေကို ရှာဖွေချင်တယ်ဆိုရင်၊ ကျွန်မတို့ အနေနဲ့ သူတို့ကို လုံခြုံမှု ပေးရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ဖြစ်တဲ့ အနေအထားရောက်တဲ့အထိ လုံခြုံမှုရှိရပါမယ်။ ရှင်တို့အနေနဲ့ ကိုယ့်အိမ်ထဲက အိမ်ပြင်ထွက်ဖို့တောင်မှ လုံခြုံမှုမရှိဘူးဆိုရင်၊ ရှင်တို့အိမ်ထဲက အိမ်ပြင်ကိုထွက်တိုင်း မတူညီတဲ့ အသိုင်းအ၀ိုင်းတစ်ခုက လူတစ်ယောက်ယောက်က ရှင့်ကို လာပြီးတိုက်ခိုက်မလားလို့ ကြောက်နေရတယ်ဆိုရင်၊ ဘယ်လိုလုပ်ပြီး ရှင်တို့ သူတို့နဲ့ ထိုင်စကားပြောဖို့၊ မတူညီမှုတွေကို အဖြေရှာဖို့ ဖြစ်နိုင်မလဲ။ ဒါ့ကြောင့် ကျွန်မက Rule of Law ကို အရမ်းစောင်းပေးနေတာပေါ့။ ဒါ့ကြောင့်လည်း ကျွန်မပြည်သူတွေက ကျွန်မသဘောထားကို ပျင်းစရာကောင်းတယ်လို့ ထင်နေကြတာပေါ့။ ဘာ့လို့ဆိုတော့ Rule of Law က စိတ်လှုပ်ရှားစရာ မကောင်းဘူးလေ။"

ဒီစကားတွေက သူ ဂျပန်ပြည်ရောက်တုန်းက ပြောခဲ့တဲ့စကားတွေပေါ့။ သူပြောတဲ့စကားတွေက သူ့ပြည်သူတွေအတွက် ၀ုန်းခနဲထတောက်လောက်စရာ စကားတွေမပါခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ပက်သက်လာတဲ့အခါတိုင်းမှာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေဖက်က ကာကွယ်ပြောဆိုခဲ့တဲ့အတွက် ဒီတစ်နှစ်အတွင်း နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ မျက်မုန်းအကျိုးခံရဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တော့ ဖြစ်ခဲ့ရပါတယ်။

သူ့လို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေဖြစ်တဲ့ တီမောက former president Jose Ramos-Horta နဲ့ ဘင်္ဂလားဒေ့ရှ်က Microfinance institution Grameen Bank ကို ထူထောင်သူ Muhammad Yunus တို့ရဲ့ မြန်မာနိုင်ငံဟာ သူ့ရဲ့ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးသင့်တယ်လို့ ဝေဖန်ပြောဆိုလာတဲ့အပေါ်မှာ သူက "Burma must decide itself" လို့ တုံ့ပြန်ခဲ့သူပါ။ အမေရိကန်၊ ဗြိတိန်နဲ့ အရှေ့တောင်အာရှက မွတ်ဆလင်လူဦးရေ များပြားတဲ့ နိုင်ငံတွေက သတင်းစာမျက်နှာတွေပေါ်မှာ သူ့သဘောထားကို ဆန့်ကျင်တဲ့ အရေးအသားတွေ အများအပြား တွေ့ခဲ့ရပါတယ်။

မေးစရာရှိတာက သူနဲ့ သူ့ဖခင်(တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့သူ)တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ပြခဲ့ကြတဲ့အထိ ဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာ သူ့ကို သုံးစားမရတော့သူတစ်ယောက်လို ဆဲဆိုနေကြတဲ့သူတွေ အဲဒီအချိန်က ဘာတွေ လုပ်နေခဲ့ကြပါသလဲ။

မွေးဖွားနှုန်း အဆမတန်မြင့်မားနေခြင်းက အခြေအနေတွေ တင်းမာမှုကို ပိုမိုဆိုးရွားစေခဲ့တာက မှန်ပါတယ်။ ဒါပေမယ့် မြန်မာပြည်အနောက်ခြမ်းမှာ ဒီလောက်လူတွေအများကြီး ဘယ်အချိန်က ဘယ်နည်းလမ်းတွေနဲ့ ၀င်ရောက်နေထိုင်နေကြတယ်ဆိုတာ အရင်တုန်းက မသိနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော်များများက သိနေကြပါပြီ။ သူတို့လက်ထဲက အဖြူရောင်ကဒ်ပြားတွေက သူတို့ဆီ အလိုလို ရောက်လာခဲ့တာ မဟုတ်ပါဘူး။ တိကျသေချာတဲ့ ဥပဒေရှိပေမယ့် ဒီဥပဒေကို ထိန်းသိမ်းဖော်ဆောင်မယ့်သူထက် ဥပဒေကို လက်တစ်လုံးခြား လုပ်ခဲ့သူတွေက ဘယ်လောက်တောင် များခဲ့မလဲဆိုတာ ခင်ဗျားတို့ ဘာဖြစ်လို့ မတွေးနိုင်ကြတော့တာလဲ။

အခု တစ်အိမ်ထောင် ကလေး၂ယောက် ကန့်သတ်မှုဟာ စစ်အုပ်ချုပ်မှု အသက်ဝင်ဆဲကာလ ၁၉၉၄ကတည်းက အတည်ပြုခဲ့တာ ဖြစ်ပေမယ့် အခုအချိန်ကျမှ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။

သားဆက်ခြားစီမံကိန်းနဲ့ ကလေးအရေအတွက် ကန့်သတ်မှုမှာ အခြေခံချင်း တူသလိုရှိပေမယ့် မတူတဲ့ ရည်ရွယ်ချက်တွေနဲ့ မတူတဲ့ ရလဒ်တွေ ရှိနေပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကြေငြာချက်အရ ဘင်္ဂါလီလူမျိုး ယောက်ျားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခွင့်ရှိပြီး ထိုအမျိုးသမီးက ကလေး၂ယောက် မွေးဖွားခွင့်ရှိတယ်၊ ၂ယောက်ထက် ပိုမိုမွေးဖွားမယ်ဆိုရင် နောက်မွေးလာတဲ့ကလေးကို တရားမ၀င်အဖြစ်သတ်မှတ်မယ် လို့ဆိုပါတယ်။

ဒါဖြင့်ရင် အဲဒီ ဘင်္ဂါလီဇနီးမောင်နှံနဲ့ မွေးဖွားခဲ့သူ ကလေး၂ယောက်က တရားဝင်တယ်လို့ သဘောသက်ရောက်နေပါပြီ။ အခုလက်ရှိမှာ အဲဒီလို အိမ်ထောင်စုပေါင်း ဘယ်နှစ်ခုရှိနေပြီလဲ။ ဒါဟာ ခင်ဗျားတို့ မဖြစ်ချင်ဆုံး အတူတူယှဉ်တွဲနေထိုင်ဖို့ လမ်းကိုသွားနေတာ မဟုတ်ဘူးလား။

နောက်ပြီး ထပ်မွေးလာတဲ့ကလေးတွေကို တရားမ၀င်လို့ သတ်မှတ်မယ်ဆိုရင် အဲဒီတရားမ၀င်ကလေးတွေကို ဘာလုပ်ကြမှာလဲ။ လှေပေါ်တင်ပြီး ပင်လယ်ထဲ မျှောလိုက်ကြမလား၊ ဒါမှမဟုတ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်က သဲသောင်ပြင်တွေမှာ ကျင်းနက်နက်တွေတူးပြီး အရှင်လတ်လတ် မြေမြုပ်ပစ်လိုက်ကြမလား။

သူတို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ မဟုတ်ကြတဲ့အတွက် ကျွန်တော်တို့ရတဲ့ နိုင်ငံသားအခွင့်အရေးမျိုး သူတို့ကို မပေးနိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူတို့ဟာ လူတွေ ဖြစ်နေပါသေးတယ်။ သူတို့ကို လူတွေလို့ မြင်ပေးနိုင်တဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။ UNHCR HRW AZG MSF စသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့အတွက် အလုပ်တွေ လုပ်ပေးနေပါသေးတယ်။ နောက်ပြီးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ သူတို့ကို ကျွန်တော်တို့ သတ်မှတ်သလို Refugee လို့ မသတ်မှတ်ပါဘူး။ IDP (Internally Displaced Persons) အနေနဲ့သာ သတ်မှတ်ထားပါတယ်။ ဒါတွေဟာ ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လက်ရှိမှာ ဖြစ်နေတဲ့ အခြေအနေတွေပါပဲ။

"I've said this very clearly that any violation of human rights or any acts of violence are inimical to united and peaceful society and I stand by that."

ဒါလည်း တိုကျိုမှာ သူပြောခဲ့တဲ့ စကားတစ်ခွန်းပါပဲ။ မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဥပဒေကို ပြန်လည်သုံးသပ်မပြီးမချင်း စဉ်းစားရန်မရှိလို့ ပြင်းပြင်းထန်ထန် ရပ်တည်ခဲ့သူတစ်ယောက်ဟာ တစ်ဖက်မှာ နိုင်ငံတကာက လေးစားရတဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုသူ International Figure တစ်ယောက် ဖြစ်နေပြန်ပါတယ်။ သူ့ရဲ့ ညဏ်ပညာနဲ့ သည်းခံခွင့်လွှတ်နိုင်စွမ်းက ကြီးမားသလောက် လူ့အခွင့်အရေးအပေါ်မှာထားတဲ့ သူ့သဘောထားကို ဘယ်နည်းနဲ့မှ အစွန်းထင်းခံမယ့် ခေါင်းဆောင်မျိုးမဟုတ်ပါဘူး။

ဒီပေါ်လစီဟာ တရားမ၀င်ဘူး၊ လူလူချင်း ခွဲခြားဆက်ဆံမှုဖြစ်တယ်၊ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ပြောဖို့ သူဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

ဒီလိုလုပ်ရပ်မျိုးကို Eugenics လို့ ခေါ်ပါတယ်။ အဒေါ့ဖ်ဟစ်တလာလက်ထက်က ဂျာမနီမှာ အကြီးအကျယ်လုပ်ခဲ့ပြီး "Lebensunwertes Leben" လို့ ဂျာမန်လို ခေါ်ဝေါ်သုံးစွဲကြတဲ့ ဘ၀တစ်ခုရဖို့ရာ မထိုက်တန်သောဘ၀လို့ ပြန်နိုင်ပါတယ်။ တစ်အိမ်ထောင်ကလေး ၂ယောက် ကန့်သတ်ချက်အရ နောက်ထပ်ကလေးမရနိုင်ဖို့ရာ အမေဖြစ်သူကို Sterilization (သားကြောဖြတ်)ဖို့ လိုအပ်လာမှာပါ။ ဒါကို ဘယ်သူတွေက လုပ်မှာလဲ။ ဂျာမနီမှာတော့ လူပေါင်းလေးသိန်းကျော်ဟာ သူတို့စိတ်သဘောထားမပါဘဲ သားကြောအဖြတ်ခံခဲ့ရပါတယ်။ ဒါကို တစ်နည်းနည်းနဲ့ ကျော်လွန်လာပြီး မွေးဖွားလာခဲ့တဲ့ ကလေးတွေကို ဘယ်လိုလုပ်မလဲ။ Euthanasia (မနာမကျင်စေဘဲ လူကိုသေစေခြင်း)ကို ဘယ်သူတွေက ကျူးလွန်မလဲ။

ပြသနာတွေ အများကြီး ထပ်ပြီး ရှုပ်ထွေးသွားနိုင်တဲ့ မူဝါဒတစ်ခုကို သူ ကန့်ကွက်တာ မှားတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဘာဖြစ်လို့ဆိုတော့ သူဟာ ပြသနာတစ်ခုကို အရင်းအမြစ်ထိရောက်အောင် လိုက်ရှာပြီးမှ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မှာကို အမြဲယူလာပေးနိုင်ခဲ့သူလို့ ကျွန်တော် အမြဲယုံကြည်နေခဲ့လို့ပဲ။ ခင်ဗျားတို့တတွေ သူ့ကို ဆဲဆိုနေတာကို သူဟာ ပြုံးပြီးကြည့်မနေနိုင်ရင်တောင် မျက်နှာညှိုးငယ်စွာနဲ့ ထိုင်ကြည့်နေမယ့်သူလို့ ကျွန်တော် ယုံကြည်ထားလို့ပဲ။

စိုးထိုက်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template