Headlines News :
Home » » “မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးအတွက် အသုံးဝင်လာနိုင်မည့် စီးပွားရေးဆိုင်ရာဘာသာရပ်များသင်ယူလေ့လာခြင်းနှင့် အဆိုပါဘာသာ ရပ်များ အကြောင်းရှင်း လင်းပြောကြားမည်”

“မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးအတွက် အသုံးဝင်လာနိုင်မည့် စီးပွားရေးဆိုင်ရာဘာသာရပ်များသင်ယူလေ့လာခြင်းနှင့် အဆိုပါဘာသာ ရပ်များ အကြောင်းရှင်း လင်းပြောကြားမည်”

Written By လွင့်မောင်မောင် on Wednesday, June 19, 2013 | 8:40 PM

 
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ နေ့ စဉ်နှင့် အမျှဖြစ်ပေါ်တိုး တက်ပြောင်းလဲမှုများရှိလာနေပြီး၊ လူငယ်များ၏ ပညာရေး ဆိုင်ရာဆုံးဖြတ်ချက်များ အပေါ် တွင်လည်း သက်ရောက်မှုများ ရှိလာနေ သည်ကိုတွေ့ ရပါသည်၊၊ အထူးသဖြင့် ပြည်တွင်း တွင်ဖြစ်စေ၊ နိုင်ငံတကာ တွင်ဖြစ်စေ စီးပွားရေးဆိုင်ရာပညာရပ်များကို ရွေးချယ်သင်ယူလာ သူများ ယခုနှစ်အတွင်း သိသိသာသာများပြားလာခဲ့ပြီး စီးပွားရေးဆိုင်ရာဘာသာ ရပ်များ နှင့်ပတ်သက်၍ သိရှိထားသင့်သော အချက်အလက်များကို June 28, 2013 (သော ကြာနေ့ ) ၊နံနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီအထိ၊ CROWN Education LEARNING CENTER တွင်ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါသည်၊၊

အဆိုပါရှင်းလင်းပြောကြားမည့်အစီအစဉ်တွင်၊ Business with International Management ၊ Management with International Business ၊ ၊ Banking and Wealth Management ၊ Master of Business Administration ၊ Accountancy and Financial Management ကို၎င်း၊ Banking, Securities & Investment Management စသည့် ဘာသာရပ်များ အကြောင်းကို KAPLAN Higher Education Academy မှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး၊ နိုင်ငံ တကာတွင် MBA လေ့လာသင်ယူရာတွင် သိရှိထား သင့်သည့်အချက်များကိုပါ ရှင်း လင်း ပြောကြားသွားမည်ဖြစ်ပါသည်၊၊

“အခုနောက်ပိုင်း ACCA ထက်စာရင် CIMA လိုဘာသာရပ်မျိုးတွေပိုပြီး ခေတ်စား လာနိုင် ပါတယ်၊၊ ACCA က Accounting practices ကိုပိုဦးစားပေးတဲ့ သဘောသဘာဝရှိပြီး၊ Auditor, Tax Accountant, Corporate Accountant လိုအလုပ်မျိုးတွေအတွက် ပိုသင့်တော်ပါတယ်၊၊ CIMA ကတော့ Management Reporting, Corporate Stratagy လိုမျိုးဖြစ်ပြီး Budget Marketing, Analysis and Strategy လိုထိသွားတော့ နောင်မြန်မာ နိုင်ငံမှာလည်း အများကြီး အသုံးဝင်လာ ဖို့ ရှိပါတယ်၊၊ ဒါက Professional နဲ့ ပတ်သက်တဲ့  Trend တွေပြောင်း လာနိုင်တဲ့အကြောင်းပါ၊၊ Academic နဲ့ ပတ်သက်ပြီးတော့လည်း လေ့လာသင်ယူထားသင့်တဲ့စီးပွားရေးဆိုင်ရာဘွဲ့ ၊ နောက် MSc နဲ့  MBA ကွဲပြားခြားနားချက်တွေ၊ အနာဂါတ်မှာ Financial Management နဲ့ ပတ်သက်ပြီး အသုံးဝင်လာနိုင်ပုံတွေကိုလည်းအဲဒီနေ့ မှာ စင်္ကာပူ Kaplan Higher Education Academy မှ ဒေါ်ခိုင်ခိုင်လင်းနဲ့ အတူ ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောကြားသည်၊၊

အသေးစိတ်အချက်အလက်များသိရှိလိုသူများနှင့် ဆွေးနွေးပွဲတက်ရောက်ရန် CROWN Education၊ အမှတ်(၂၇၀)၊ပထမထပ်၊အခန်း(1 B) ပြည်လမ်း ၊မြေနီကုန်း၊ ဖုန်း - ၀၁ ၅၂၇ ၈၃၈၊ ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ တို့ တွင် ဆက်သွယ်စာရင်းပေးတက်ရောက် နိုင်ကြောင်းသိရသည်။


    CROWN Education 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template