Headlines News :
Home » » ရေစကြိုမြို့နယ်တွင် မြစ်ကမ်းများပြို၊ အိမ်ခြေ ၁၂၀ ကျော် ရွှေ့ပြောင်း

ရေစကြိုမြို့နယ်တွင် မြစ်ကမ်းများပြို၊ အိမ်ခြေ ၁၂၀ ကျော် ရွှေ့ပြောင်း

Written By လွင့်မောင်မောင် on Tuesday, June 18, 2013 | 7:01 PM

 
ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မကွေးတိုင်း ဒေသကြီး  ပခုက္ကူခရိုင် ရေစကြိုမြို့နယ်  ညောင်တော အုပ်စု ရှစ်အိမ်တန်း ကျေးရွာမှာ မြစ်ကမ်းပါးများ  ပြိုပျက်ကျနေပြီး အခုချိန်ထိ ဘေးလွတ်ရာကို အိမ်တွေဖျက်ပြီး ရွှေ့နေရတဲ့ အိမ်ခြေ စုစုပေါင်း ၁၂၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေ က ပြောပါတယ်။

အခုလို မြစ်ရေတိုက်စားမှုဟာ ဒီနှစ်က ဒုတိယအကြိမ်ဖြစ်ပြီး အခုလက်ရှိ အိမ်တွေဖျက် ရွှေ့ထားရတဲ့ ဒေသခံမိသားစုတွေဟာ ဘယ်နေရာမှာ အိမ်ပြန်ဆောက်နေရမှန်း မသိကြရသေးသလို အရင်နှစ်က ရွှေ့ခဲ့ရသူတွေကတော့ တခြားပိုင်မြေတွေမှာ ၁ နှစ်ကို ကျပ် ၂ သောင်း နှစ်ကြေးပေးနေကြရပါတယ်။

အခုဆိုရင် အဲဒီရွာက ဘုန်းတော်ကြီးကျောင်းနဲ့ မူလတန်းကျောင်းတွေဟာ မြေအနေအထား စိုးရိမ်စရာဖြစ်နေပြီး ပြောင်းရွှေ့ဖို့ မြေနေရာ မရရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

 by ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template