Headlines News :
Home » » » ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော အစ္စလမ်ဘာသာဝင်အမျိုးသမီး

» ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော အစ္စလမ်ဘာသာဝင်အမျိုးသမီး

Written By လွင့်မောင်မောင် on Sunday, June 16, 2013 | 10:42 AM

ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော အစ္စလမ်ဘာသာဝင်အမျိုးသမီး ဒေါ်ခင်မျိုး
ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီး တစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေး တစ်ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။

နှင်းဆီပန်းအနီရောင် တစ်သောင်းဖိုး ဝယ်လာပါတယ်။ ဘုရားပေါ်ရောက်တဲ့အခါ ပန်းအချို့ကို အလှူခံပုံးပေါ်တင်ထားပြီး ပန်းအချို့ကို ရင်ပြင်ပေါ်လွှင့်ကြဲပစ်ပါတယ်။

ဘုရားဖူးသူအချို့လည်း ထိမှန်ခဲ့ပါတယ်။ ဘုရားဖူးတွေက ဂေါပကကို တိုင်ကြားပါတယ်။ ဒီအခါ အမျိုးသမီးနှစ်ယောက် ပြန်ဆင်းသွားပါတယ်။ ဘုရားရဲက လိုက်ခေါ်ပါတယ်။ မူဆလင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကို အပေါ်ရုံချွတ်ခိုင်းပြီးမှ ဂေါပကရုံးကို ခေါ်လာပါတယ်။

အမျိုးသမီးက ဓနုလူမျိုးဖြစ်ပြီး အစ္စလမ်ဘာသာထဲဝင်တာ သုံးနှစ်ပဲ ရှိသေးကြောင်း နာမည်က ဒေါ်ခင်မျိုး (၃၈)နှစ် (ဘ) ဦးစံရင်၊ အဖော်မိန်းကလေးက မမျိုးသန္တာစိုး (၁၇)နှစ် (ဘ)ဦးသန်းဌေး ဖြစ်ပါတယ်။
ဒေါ်ခင်မျိုးရဲ့ အမျိုးသားက အဒူကာဒီ(မောင်တောမြို့)ဖြစ်ပြီး ဒေါ်ခင်မျိုးရဲ့မျက်နှာမှာ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။ သူမက တောင်ဒဂုံမြို့နယ်၊ (၁၉)ရက်ကွက်၊ မြိတ်လမ်း၊ နီလာလဘက်ရည်ဆိုင်၊ ဦးမာမွတ် ဒေါ်မာလာ အိမ်မှာ တည်းခိုပါတယ်။

သူမကို စစ်ဆေးတဲ့အခါ သူမရဲ့အပြုအမူကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီလိုခံစားရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ ဖြေသွားပါတယ်။

သူမကို စစ်ဆေးသူမှာ ဂေါပက ကိုတင်အောင်မိုး ဖြစ်ပါတယ်။ သူမ၏ခရီးဆောင်အိတ်ထဲမှာ မူဆလင်အမျိုးသမီးဝတ်စုံ (၅)စုံနှင့် ကိုရ်အန်ကျမ်းစာအုပ် (၂)အုပ် ပါလာတာကို တွေ့ရပါတယ်။
ဂေါပကမှ ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုပါတယ်။ အခုလို ပြန်လွှတ်ပေးလိုက်တာဟာ သဘောထားကြီးမှုကို ပြဆိုတာလား၊ ပြဿနာကို ထပ်မံဖိတ်ခေါ်တာလား ဆိုတာ စောင့်ကြည့်ရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

တကယ်ဆို မူဆလင်ဝတ်စုံပြည့် အမျိုးသမီးတစ်ယောက် တက်လာတာကို ဂေါပကနှင့် ရဲက စစ်ဆေးမေးပြန်းပြီးမှ ဝင်ခွင့်ပြုသင့်တယ် မဟုတ်လား။ တကယ်လို့များ အသေခံဗုံးခွဲခဲ့ရင် ရွှေတိဂုံဘုရားဆိုတာ မြန်မာ့ကျက်သရေဆောင် မြန်မာပြည်ရဲ့ ပုံရိပ်မဟုတ်လား။ တန်ဖိုးဖြတ်နိုင်သော၊ အစားထိုးရနိုင်သော ရတနာမဟုတ်ဘူး-ဆိုတာ အစိုးရဆိုတာရော ဂေါပကနှင့် ဘုရားရဲဆိုတာရော သိထားဖို့လိုတယ်နော်။

by ဦးဝီရသူ 

စုံစမ်းရန်
ဒေါ်ခင်မျိုး- 09.42025466
ဂေါပက- 01383511
ဘုရားဖူးပြည်သူ-0943044590


ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး ဒေါ်ခင်မျိုး


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template