Headlines News :
Home » » ”ဒေါင်းအလံဒေါင်းရိပ်အောက်မှာ ဒေါင်းမာန်ဒေါင်းစိတ်မပျောက်စေပဲ ရှေ့ခရီးဆက်ကြဖို့ မင်းကိုနိုင်ပြော”

”ဒေါင်းအလံဒေါင်းရိပ်အောက်မှာ ဒေါင်းမာန်ဒေါင်းစိတ်မပျောက်စေပဲ ရှေ့ခရီးဆက်ကြဖို့ မင်းကိုနိုင်ပြော”

Written By လွင့်မောင်မောင် on Monday, June 17, 2013 | 10:27 PM

 
အခုလိုပရိယာယ်တွေ သိပ် များလှတဲ့အချိန်မှာ အရေးကြုံ တိုင်း ကျွန်တော် အမြဲပြောပါ တယ်၊နိုင်ငံတော် အလံတွေသာ သုံးမျိုးပြောင်းသွားတယ်၊ဒေါင်း အလံက ဘယ်တော့မှ မပြောင်း ဘူး။ဒေါင်းအလံဒေါင်းအရိပ် အောက်မှာဒေါင်းမာန်ဒေါင်းစိတ် မပျောက်ဘဲ ရှေ့ဆက်ခရီးဆက် ကြပါဟု ဇွန်လ(၁၆)ရက်နေ့က တော်ဝင်နှင်းဆီတွင် ကျင်းပပြု လုပ်သည့်၁၉၈၈ ဇွန် ၁၆ ကျောင်းသားအရေးတော်ပုံ ငွေရ တု အခမ်းအနား၌၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်မှ ပြောကြားလိုက် သည်။
အဆိုပါအခမ်းအနားကို အခမ်းအနားမှူးအဖြစ် ကဗျာ ဆရာမောင်သွေးသစ်က တာဝန် ယူပြီး ကျောင်းသားသမိုင်း အဆက်ဆက်တွင် ပါဝင်ခဲ့သူများ ၈၈ကျောင်းသားများနှင့်မိသားစု များ ABSDF ကျောင်းသားတပ် မတော်အဖွဲ့ဝင်ဟောင်းများ အဖွဲ့ အစည်း အသီးသီးမှပုဂ်္ဂိုလ်များ ၃၀၀ခန့်တက်ရောက်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန် လည်သင့်မြတ်ရေး၊ကျောင်းသား သမဂ္ဂပြန်လည်ဖွဲ့စည်းရေးစသည့် ဦးတည်ချက်များဖြင့် ကျင်းပပြု လုပ်တာဖြစ်ကြောင်းသိရသည်။ ဒီနေ့ဟာ လွန်ခဲ့တဲ့၂၅နှစ်တာ ကာလတုန်းက ဓါတ်တိုင်ကို ကချင်ပုဆိုးပတ်ပေးရင်တောင် ဒါကွန်မြူနစ်ပဲဆိုပြီး သေနတ် တွေနဲ့ အပစ်ခံခဲ့ရတဲ့၁၉၈၈ ဇွန် ကျောင်းသား လှုပ်ရှားမှုနေ့ဖြစ်ပါ တယ်ဟု အခမ်းအနားမှူးမှပြော ကြား၍ အခမ်းအနားကို စတင် ဖွင့်လှစ်ကာခွပ်ဒေါင်းအလံနှင့် ဗိုလ်ချုပ်အောင်ဆန်းကို အလေး ပြုခြင်း ကျဆုံးခဲ့ကြသော ဒီမိုက ရေစီ သူရဲကောင်းများကို ဂုဏ်ပြု သောအားဖြင့် တစ်မိနစ်ငြိမ်သက် ခြင်းတို့ ဆောင်ရွက်ပြီး ကိုအောင် ဇေယျက အခမ်းအနားကော် မတီ၏ သဘောထားကြေငြာ ချက်ကို ဖတ်ကြားခဲ့သည်။
ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ဦးသာဘန်းမှ ကျောင်းသား သမဂ္ဂဆိုတာ တက္ကသိုလ်ကောင်စီက တရား ၀င်ခွင့်ပြုထားတဲ့ ကျောင်းသား အာဏာပိုင်အဖွဲ့အစည်း ဖြစ် ကြောင်း၊ကျောင်းသားသမဂ္ဂကို ၀န်ကြီးချုပ်ကိုယ်တိုင်လေးစားခဲ့ ကြောင်းတင်ပြပြီး ကျွန်တော်တို့ သမဂ္ဂဆိုတာ ပေါက်လွတ်ပဲစား တွေ မဟုတ်ဘူး။အစိုးရကို ပြော လိုက်မယ် ကျောင်းသားသမဂ္ဂကို ရိုရိုသေသေလေးလေးစားစား ဆက်ဆံပါ။ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခွင့်ပေးပါ။သမဂ္ဂ အဆောက်အအုံကြီး ပြန် ဆောက်မယ့် အစီအစဉ်ကို အကူအညီပေးပါ ဟုပြောကြား သည်။ဆက်လက်ပြီး၈၈မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်က ““ရှစ်လေးလုံး အရေးတော်ပုံဆို တာ ဒီဇွန်လအရေးအခင်းမရှိရင် ဖြစ်မလာနိုင်ပါဘူး။ဇွန် အရေး အခင်းမှာ မိုးသီးဇွန်ကို ကျွန်တော် တို့ရပါတယ်။မောင်မောင်ကျော် ကိုရပါတယ်။ကိုကိုလတ်တို့ ခင်ဥမ္မာတို့ကိုရပါတယ်။ပြီးတော့ ပြည်သူအားလုံး ပူးပေါင်းပါဝင် ပြီး ရှစ်လေးလုံးအရေးတော်ပုံ ကြီးကို ပုံဖော်ခဲ့တာ ဘယ် အနောက်တိုင်းက သွေးထိုးခဲ့ တယ်။ဘယ်အဖွဲ့အစည်းက ကြိုး ကိုင်တယ်ပဲပြောပြော အခုဒီမှာ ရှိနေတဲ့ပြည်သူတွေက သက်သေ ဖြစ်ပါတယ်”” ဟု ပြောကြားသလို ဇွန်၁၆ လှုပ်ရှားမှုကို ဦးဆောင် ခဲ့သူ ကိုမောင်မောင်ကျော်က လည်း ““အဲဒီတုန်းက ကျောင်း ပြန်ဖွင့်တော့ စိန်ပန်းတွေဝေနေ တယ်။ကျွန်တော့်သူငယ်ချင်းတွေ အဖမ်းခံထားရပါလားလို့ ခံစားရ တယ်။ဇွန်လအရေးတော်ပုံကို ကျွန်တော်တို့ခွပ်ဒေါင်းစိတ်ဓာတ် နဲ့စခဲ့တယ်။၁၄၊၁၅၊၁၆၊၁၇ ရက်တွေလှုပ်ရှားခဲ့ပြီးဇွန်၂၁ရက်နေ့ မှာ မြေနီကုန်းအရေးအခင်းနဲ့ ဇတ်လမ်းသိမ်းပြီး ကျွန်တော်တို့ နိုင်ခဲ့တယ်။ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး၊ကျောင်းထုတ် ကျောင်းသား ကျောင်းပြန်တက် ခွင့်ပေးရေး ကျောင်သားသမဂ္ဂ  ဖွဲ့စည်းရေးကြွေးကြော်သံတွေနဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတစ်ခု ကတော့ ဇွန်လအရေးတော်ပုံ ဟာ နှစ်ခြမ်းမကွဲခဲ့တဲ့နိုင်ငံရေး လှုပ်ရှားမှုဖြစ်တယ်””ဟုပြောသည်။
ကိုမင်းကိုနိုင်ကလည်း““ အဲဒီ တုန်းက ကိုမောင်မောင်ကျော်တို့ စင်ပေါ်မှာ အားရပါးရ ပြောနေ တဲ့အချိန် ကျွန်တော်တို့ စိတ်ကူး ရတာနဲ့ဗလာ စာရွက်တစ်ရွက်ကို သုံးပိုင်းပိုင်းပြီး လူတိုင်းကို တောင်းဆိုချက်တွေရေးခိုင်းပါ တယ်။ညနေကျတော့ ထောင် ပေါင်းများစွာသော စာရွက်လေး တွေမှာ မှင်ရောင်နဲ့လက်ရေးကွာ ခြားပေမယ့် တူညီသော ကြွေး ကြော်သံတွေ ရလိုက်ပါတယ်။ စစ်မှန်သော ညီညွတ်မှုကိုရခဲ့ပါ တယ်””ဟု ဖြည့်စွက်ပြောကြားခဲ့ သည်။

ဇော်မြင့် The Hot News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template