Headlines News :
Home » » ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အစိုးရကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားရန် အစီအစဉ်ရှိ

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အစိုးရကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားရန် အစီအစဉ်ရှိ

Written By လွင့်မောင်မောင် on Tuesday, June 18, 2013 | 6:00 PM

 DSC_3938 - Copy
ရန်ကုန်၊ ဇွန် ၁၈။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကိုအစိုးရကျောင်းများတွင်ကျောင်းသင်ရိုးညွှန်းတန်းအဖြစ် ထည့်သွင်းသင်ကြားရန် အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာဘာသာဖြင့် တရားဝင် ဘာသာပြန်ဆိုခဲ့ပြီး အစိုးရဌာနများ လွှတ်တော်များနှင့် ကျောင်းများသို့ အခမဲ့ဖြန့်ဝေကာ ပညာပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ကျောင်းသင်ရိုးညွှန်းတန်းထဲတွင်ထည့်သွင်းရေးကို ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အားလုံးသိဖို့ လိုအပ်တယ်။ ငယ်ရွယ်တဲ့ အချိန်မှာကတည်းက ဒီအခွင့်အရေးတွေကို သိထားမှ ကြီးလာတဲ့အခါ ဒီအခွင့်အရေးတွေကရမယ့် အသီးအပွင့်တွေကို ခံစားရနိုင်မှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မူလတန်းကနေ စပြီးတော့ကျောင်းတွေမှာ သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမရက ပြောကြားသည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ စကားချီးတွင် “အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချီဝေမျှစေရန်၊ မြင်သာအောင် ပြသထားရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းဖော်ပြစေရန် ပန်ကြားခဲ့သည်” ဟု ဖော်ပြပါရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနမှတဆင့် မြန်မာဘာသာပြန်ဆိုထားသော ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းများကို ကျောင်းများတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသင်ရိုးညွှန်းတန်းတွင် ထည့်သွင်းသင်ကြားရန် ကိစ္စနှင့်ပတ်သတ်ပြီး “အခုက ဆွေးနွေးညှိနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ NGO တွေကတော့ သင်ရိုးထဲမှာ ထည့်သင့်တယ်လို့ တင်ပြ ထားတယ်။ တကယ်လုပ်ဆောင်ရမှမယ့်အပိုင်းကတော့ အစိုးရအပိုင်းပဲဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားသည်။
အပိုဒ် (၃၀)ပါဝင်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ယခင်က မြန်မာဘာသာပြန်ဆိုထားသော လူ့အခွင့်အရေး ကြေညာစာတမ်းများ ရှိသော်လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ မြန်မာဘာသာပြန်ဆို ဖြန့်ချီသည့် လူ့ အခွင့်အရေး ကြေညာစာတမ်းမှာ အစိုးရမှ အသိအမှတ်ပြုသည့် ပထမဆုံးကြေညာစာတမ်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာဘာသာ ပြန်ဆိုခြင်းလုပ်ငန်းကို ပညာရေး၊ကျန်းမာရေး၊ဥပဒေရေးရာ ကျွမ်းကျင်သော ပါမောက္ခများ၊ နိုင်ငံတကာတွက် သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားအရာရှိကြီးများ စသည်ဖြင့် စုစုပေါင်း ၁၅ဦးတို့ပူးပေါင်းကာ ဘာသာ ပြန်ဆိုခဲ့ခြင်း ဖြစ် ကြောင်း ၊ပထမဦးဆုံးအနေဖြင့် အုပ်ရေ သုံးသောင်းကိုရိုက်နှိပ်ထားပြိး ပညာပေးဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုဝေ(မြန်မာ့ခေတ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template