Headlines News :
Home » » မြန်မာဟေ့လို့ ကြွေးကြော်ညီညွှတ်ကြပါဟု ကိုမြအေး ပြောကြား

မြန်မာဟေ့လို့ ကြွေးကြော်ညီညွှတ်ကြပါဟု ကိုမြအေး ပြောကြား

Written By လွင့်မောင်မောင် on Monday, June 17, 2013 | 10:00 PM

 
မြန်မာဟေ့လို့ကြွေးကြော်ပြီး ညီညွှတ်ကြပါဟု ၈၈မျိုးဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ကိုမြအေးက Hot News  သို့ပြောပါသည်။
မလေးရှားတွင်ဖြစ်ပေါ်နေ သော အခြေနေအပေါ်ကို ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း မှ ကိုမြအေးက ပြောကြားရာတွင် ““ကျွန်တော်မြင်တာကတော့ မလေးရှားမှာ သွားလုပ်ကြရတာ က ကျွန်တော်တို့တိုင်းပြည်က ဆင်းရဲလို့သွားလုပ်ကြရတာပါ။ ဒီလိုသွားလုပ်ဖို့ အတွက်လယ် ရောင်း၊မြေရောင်းပြီး သူတို့ခိုင်း ချင်ရာခိုင်းဆိုပြီး အခိုင်းခံဘ၀နဲ့ သွားနေကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလို ထွက်သွားတဲ့လူတွေထဲ မှာ ဘာသာပေါင်းစုံပါတယ်။ မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားပဲ။ဒါကြောင့် ညီညွှတ်ဖို့လိုပါတယ်၊မလေးရှား အစိုးရကလည်း မြန်မာနိုင်ငံသား တွေ အပေါ်မှာ ဘာအကြောင်း ကြောင်းကြောင့်ဖြစ်ဖြစ် အကြမ်း ဖက်မှုအပေါ်မှာလုံးဝလက်မခံပါ ဘူး။မလေးရှား အစိုးရက မြန်မာ နိုင်ငံသားတွေကို ပိတ်ပြီး ဖမ်းတာ မျိုး အကုန်လုံးစစ်ဆေးနေတာကို အရမ်းအံသြတယ်။စိတ်မကောင်း လည်းဖြစ်ရပါတယ်။ဒီလိုဖြစ်နေ ချိန်မှာ မလေးရှားရောက်နေတဲ့ သူတွေဟာ ဘာသာကွဲပါစေ။ လူမျိုးကွဲပါစေ၊မြန်မာဆိုတဲ့ အပေါ်မှာ ညီညွှတ်ကြပါ တစ် ယောက်နဲ့တစ်ယောက် ဖေးမကြ ဖို့ကို ကျွန်တော်လေးလေးနက် နက်တိုက်တွန်းချင်ပါတယ်။
ယနေ့အချိန် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံကိုတည်ဆောက် နေချိန်မှာ မတူကွဲပြားမှုတွေ အပေါ် အပြန်လှန်လေးစားဖို့လို ပါတယ်။ဘာသာတရားတွေရဲ့ နောက်ကွယ်မှာငြိမ်းချမ်းမှုတွေ ရှိ ပါတယ်။ဘာသာတရားတိုင်းဟာ လူသားတွေ အတွက်ဖြစ်တယ်။ နောက်ကွယ်ကနေ သွေးထိုးလှူံ ဆော်တဲ့ အကြောင်းကြောင့် အ မျိုးစား ပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးကို ပျက်ဆီးမှာ ကိုမလိုလားဘူး။အားလုံးညီညွှတ် တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်သွားမှာဖြစ်ပါတယ်။
မလေးရှားမှာမြန်မာနိုင်ငံ သားတွေ အပေါ်နိုင်လိုမင်းထက် ပြုမူနေတာတွေ၊အကြမ်းဖက်နေ တာကို ကျွန်တော်အနေနဲ့ လုံးဝ လက်မခံဘူး၊ကန့်ကွက်တယ်၊ မလေးရှားမှာရောက်နေတဲ့ ဘာသာရေးအရသော်လည်း ကောင်း၊လူမျိုးရေးအရသော် လည်းကောင်း အမျိုးမျိုးရှိပေမယ့် ညီညွှတ်ကြပါ၊ဒါမှ အခြားသူတွေ က ရမ်းကားလို့မရမှာဖြစ်။ငါတို့ ဟာ မြန်မာဟေ့လို့ ကြွေးကြော် ပြီး ညီညွှတ်ကြပါလို့ ပြောချင် ပါတယ်””ဟု ပြောကြားခဲ့ပါ သည်။
The Hot News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template