Headlines News :
Home » » ဗုဒ္ဓဘာသာကို သိက္ခာကျရန် လုပ်ကြံနေသည့် အလိမ်ညာမီဒီယာတို့အား ရှုံ့ချ

ဗုဒ္ဓဘာသာကို သိက္ခာကျရန် လုပ်ကြံနေသည့် အလိမ်ညာမီဒီယာတို့အား ရှုံ့ချ

Written By လွင့်မောင်မောင် on Sunday, June 16, 2013 | 8:52 PM

မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- သတင်းသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။

သို့သော် တချို့ ကလိမ်ကကျစ် မီဒီယာတို့သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည်ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။

၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်”ဟု ထည့်သွင်းကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

၂။ ၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ ခြံစည်းစောင့်ဥပဒေ ဖြစ်သည်။
နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှသောကြောင့် ထိုဥပဒေကို လုံးဝထောက်ခံသည်။

၃။ ဥပဒေရေးရာ အစုအဖွဲ့ ကဏ္ဍ၌ အင်းစိန်ရွာမဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဝရတို့ ဦးဆောင်ပြီး “မျိုးစောင့်ဥပဒေ”ဟု ရေပန်းစားနေသည့် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သံဃာတော်အရှင်မြတ်များကလည်း အကြံပြုထောက်ခံကြပါသည်။ အရှင်ပညာဝရ (ဘ၀လမ်းခွဲ)မှ အားရကျေနပ်ကြောင်း အမိန့်ရှိပါသည်။

မှော်ဘီကြေငြာချက် ထဲမှာလည်း “မြန်မာနိုင်ငံသည် ဘာသာရေးလွပ်လပ်ခွင့် ရှိသည်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးစွဲ ပြဋ္ဌာန်းရန်” ဟု ပါရှိပါသည်။

ထိုသို့ဖြစ်ပါလျက် ထိုဆရာတော်တို့က “မျိုးစောင့်ဥပဒေ”ကို မထောက်ခံဘူးဟု မီဒီယာ သမားများက လွှင့်ကြပါသည်။

မိမိကိုယ်တိုင် “မျိုးစောင့်ဥပဒေ”ကို သဘောတူကြောင်း လက်မှတ်ထိုးပြီးသား ဖြစ်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သံသယ တစုံတရာရှိပါက မိမိထံ ဖုန်းဆက် မေးနိုင်ကြောင်း အကြောင်းကြား သိစေအပ်ပါသည်။

အနှစ်ချုပ်ကား . . . .

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သော လုပ်ရပ်မှန်သမျှကို ထောက်ခံသည်။
အမျိုးဘာသာ သာသနာကို မျက်ကွယ်ပြုသော လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ”

မှ/ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
၀၉- ၂၀ ၆၄ ၉၄၄

 
 
 
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template