Headlines News :
Home » » စစ်တွေ တက္ကသိုလ် ပတ်ပတ်လည်တွင် တဲထိုးနေထိုင်သော ဒုက္ခသည်များကို ပြောင်းရွှေ့

စစ်တွေ တက္ကသိုလ် ပတ်ပတ်လည်တွင် တဲထိုးနေထိုင်သော ဒုက္ခသည်များကို ပြောင်းရွှေ့

Written By လွင့်မောင်မောင် on Wednesday, June 19, 2013 | 10:05 PM

 ၁၉ ဇွန် ၂၀၁၃
စစ်တွေ တက္ကသိုလ် ပတ်ပတ်လည်တွင် တဲထိုးနေထိုင်နေကြသော မွတ်ဆလင် ဒုက္ခသည်များကို သဲချောင်းနှင့် ဗောဓူဝ ဒုက္ခသည် စခန်းများသို့  အားလုံးကို  ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
refugee-camp-Arakan
လွန်ခဲ့သော တနင်္လာနေ့က စတင်ပြီး ပြောင်းရွှေ့ခဲ့ရာ ယခုအခါ စစ်တွေ တက္ကသိုလ် ပတ်လည်တွင် ဒုက္ခသည် ကျူးကျော်တဲများ မရှိတော့ကြောင်း စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ အရင်တုန်းက စစ်တွေတက္ကသိုလ်နဲ့ ကပ်ပြီး ကျူးကျော် နေထိုင်နေကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ရှိနေတာကြောင်း ဆရာ ဆရာမတွေ တက္ကသိုလ်ထဲက အဆောင်တွေမှာ မနေရဲကြဘူး။ အခုတော့ သက်ဆိုင်ရာက အဲဒီ မွတ်ဆလင် ဒုက္ခသည်တွေကို သဲချောင်းနဲ့ ဗောဓူဝ ဒုက္ခသည် စခန်းတွေမှာ တည်ဆောက်ထားတဲ့ အိမ်တန်းလျားတွေဆီကို ပြောင်းရွှေ့လိုက်တဲ့ အတွက် ဆရာ ဆရာမတွေအတွက် လုံခြုံရေးကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း မွတ်ဆလင် အများအပြား နေအိမ်များကို စွန့်ခွာ ထွက်ပြေးသွားကြပြီးနောက် အများစုကို  ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားရှိပြီး တချို့မှာ စစ်တွေ တက္ကသိုလ် ပတ်ဝင်ကျင်းတွင် ယာယီတဲများ တည်ဆောက်၍ နေထိုင်ခဲ့ကြသည်။
“ မိသားစုကတော့ ၁၀၀ ခန့် ရှိမယ်ထင်ပါတယ်။ စစ်တွေ တက္ကသိုလ် ပတ်ပတ်လည်မှာ နေထိုင်ခဲ့ကြသူတွေ့ ဖြစ်ပါတယ်။ အခုတော့ တစ်ယောက်မှ မရှိတော့ဘူး” ဟု သူက ဆက်ဆိုသည်။
သို့သော်လည်း ကျောက်ဖြူနှင့် ပေါက်တောဘက်မှ ရောက်ရှိလာပြီး စစ်တွေ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသော မွတ်ဆလင် ဒုက္ခသည်များကိုမူ နေရပ်ရင်း ဒေသများသို့ ပြန်လည် ပို့ဆောင်ရန်မှာ  အခက်အခဲများ ရှိနေသဖြင့် ကြန့်ကြာမူများ ရှိနေသည်ဟု သိရသည်။
-နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template