Wednesday, June 19, 2013
လူသတ်မှုနဲ့ပတ်သက်ပြီး စကားများရာက လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်ဆိုတဲ့ နိုင်ငံပိုင်
မြန်မာ့ အလင်း သတင်းစာပါ သတင်းတပုဒ်က စိတ်ဝင်စား စရာပါ။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်
ပေါင်းလောင်းဒေသမှာ ဇွန်လ ၁၂ ရက်နေ့က အင်း အမှတ် ၁၀၄ ရှိ အင်း လုပ်သား
စုပေါင်း နေထိုင်ရာ တဲမှာ အင်းလုပ်သား ၄ ဦးကို ထန်းတပင်နေသူ တဦးက
စကေဘာနဲ့ ထိုး တဲ့အတွက် အင်း လုပ်သား ၃ ဦးက နေရာမှာပဲ ပွဲချင်းပြီး
သေဆုံးသွားပြီး နောက် တဦး ကတော့ ဆေး ကုသ ခံယူနေရ ပါတယ်လို့ ယနေ့ထုတ်
မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နယ်မြေရဲစခန်းက စကေဘာနဲ့ ထိုးသူကို အမှုဖွင့် အရေးယူထားတယ်လို့ ဆိုတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး စကားများရာက အခုလို လူ ၃ ဦး သေဆုံးသွားလောက်သည်ထိ ဖြစ် သွားခဲ့တာ ဟာ သံဝေဂ ရဖွယ်ပါ။
သတင်းစာအဆိုအရ မည်သည့် လူသတ်မှုလို့
မဖော်ပြပေမယ့် အလားတူ ဖြစ်ရပ်မျိုး နောင်မှာ မဖြစ်ရေး သင်ခန်းစာ ယူတာ၊
သင်ခန်းစာပေးတာမျိုး မှုခင်းကျဆင်းရေး လုပ်ငန်းတွေ တောရော၊ မြို့ပါ ကျယ်ကျယ်
ပြန့်ပြန့် လုပ်ဆောင်သွား သင့်ပါတယ်။
အိမ့်သံစဉ် ~
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago