Headlines News :
Home » » လက်ပံတောင်း တောင် အစီရင်ခံစာထွက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလူကြီးတွေအမြင်ပြောင်းလာဟုဆို

လက်ပံတောင်း တောင် အစီရင်ခံစာထွက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလူကြီးတွေအမြင်ပြောင်းလာဟုဆို

Written By လွင့်မောင်မောင် on Wednesday, June 19, 2013 | 2:52 PM

ဦးဝင်းထိန်
အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မနှစ်က မသိကျိုးကျွံပြု ခဲ့သော်လည်းဒီနှစ် လက်ပံတောင်း တောင် အစီရင်ခံစာပြီးမှ သူ့ကို အသိအမှတ်ပြုလာကြောင်း
 အမျိုး သားဒီမိုကရေစီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဆို သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် ““ကျွန်တော်တို့ ဘက်ကနေ အပိုင်း(၂)ပိုင်းထား ပြီး ပြောရမှာပဲ။ အစိုးရကပဲလို့ ပြောရမှာပဲ။
 မနှစ်က ဒေါ်အောင် ဆန်းစုကြည်အပေါ်မှာ ဆက်ဆံတဲ့ အနေအထားက အလားအလာ မကောင်းဘူးလို့မြင်တယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ တတ်နိုင်တဲ့ဘက်က အတူ ပူးပေါင်းပြီးလုပ်ဖို့ အကြောင်း အမျိုးမျိုးပြပြီး offer လုပ်ခဲ့တာ ဗျ။
တုံ့ပြန်ခြင်းက ဘာတစ်ခုမှ မရှိဘူး။ တချို့ကိစ္စတွေမှာ ပူးပေါင်း ပြီးလုပ်ခဲ့လို့ ရရှိခဲ့ပေမဲ့ မသိကျိုး ကျွံပြုပြီး လုပ်ခဲ့တာတွေလည်း ရှိပါတယ်။
 အဆိုးဆုံးက အပြောင်းအလဲကာလမှာ၊ ပွင့် လင်းနေတဲ့ကာလမှာ အရင်ကလို ရဲတို့ SB တို့  ခြေရှုပ်အောင် စောင့်ကြည့်ခံရတာတွေက
 အပြန် အလှန် ယုံကြည်မှုကို ပျက်ပြား စေတယ်လေ။ ဒါက တစ်ရက် မဟုတ်ဘူး။ နေ့စဉ်ဖြစ်ခဲ့တာ။ ဒီအခြေအနေက မနှစ်ကထိ အောင်
 မကောင်းခဲ့ဘူးလို့ ပွင့်ပွင့် လင်းလင်းပဲပြောရမှာပဲ။ ဒီနှစ်မှာ တော့ အဓိကလက်ပံတောင်း တောင်ကိစ္စ အစီရင်ခံစာထွက် ပြီးမှ
ဒေါ်အောင်ဆန်းစုကြည် ရဲ့လုပ်ရပ်အပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလူကြီးတွေက ဒီအစီရင်ခံ စာအပေါ် ဒေါ်အောင်ဆန်းစု ကြည်ကို ကြိုဆိုလာတယ်။
 ဆက်ဆံမှု တွေကအစ ပြောင်းလဲလာတယ်ဗျ။ သက် ဆိုင်ရာအစိုးရအဖွဲ့အစည်း တွေကအစ ဆက်ဆံမှုအရ အသိ အမှတ်ပြုလာခဲ့ကြတယ်လို့ပဲ ပြောချင်ပါတယ်””ဟုဆိုသည်။
ဆက်လက်၍ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကိစ္စအား မေးမြန်းရာတွင် ““ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးဆိုတာဟာ
 ကျွန်တော် တို့ခဏခဏပြောခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံခဲ့တာက ပြင်ဆင်ဖို့ လိုတယ်။
 ပြင်ရင်ကောင်းမယ်လို့ အလားအလာကြည့် ကန့်ကွက် ခဲ့တာပဲ။ တပ်လှန့်ခဲ့တာပဲ။ အခု အားလုံးကလည်း ပြင်ဆင်ဖို့ တိုက်တွန်းနေကြပြီ။
 ပြင်ဆင်တာ၊ မပြင်ဆင်ချင်တာကတော့ ကျွန် တော့်အနေနဲ့ မသိရသေးဘူး။ ဘာပဲဖြစ်ဖြစ်ပါ လူပုဂိ္ဂုလ်တစ်ဦး တစ်ယောက်ကို ကန့်သတ်ခဲ့တဲ့
 အချက်လက်တွေကတော့ အဓိက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားတဲ့အချက်ကို ပြင် ပေးဖို့ဆိုတာကတော့
ကျွန်တော် တို့အနေနဲ့ ပြင်ဆင်ရေးတိုက်တွန်း ရမှာပဲ။ ဒီနေရာမှာ ဒေါ်အောင် ဆန်းစုကြည်ဟာ သမ်္မတဖြစ်ရေး၊
 မဖြစ်ရေးကို အဓိကထားပြီး ပြောတာမဟုတ်ဘူး။ နိုင်ငံသား တစ်ဦးတစ် ယောက်အတွက်ကို ပြောတာ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုလုံး ပြင်ဆင်ရေး ဆိုတာက အားလုံးနဲ့ သက်ဆိုင် သွားပြီလေ။
အားလုံးက ပြောမှာပါ။ ပြောလည်း ပြောနေကြ ပြီ””ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

စိုးဝင်းနိုင်The Hot News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template