Headlines News :
Home » » စာသင်ကျောင်း ၈၀ ကျော်ပြုပြင်ရန် မွန်ပြည်နယ်အစိုးရ ကျပ်သန်း ၃၅၀၀ကျော် သုံးမည်

စာသင်ကျောင်း ၈၀ ကျော်ပြုပြင်ရန် မွန်ပြည်နယ်အစိုးရ ကျပ်သန်း ၃၅၀၀ကျော် သုံးမည်

Written By လွင့်မောင်မောင် on Wednesday, June 19, 2013 | 5:47 PM

မော်လမြိုင်၊ ဇွန် ၁၈

မွန်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်ရှိ အခြေခံပညာကျောင်း ၈၉ ကျောင်းကို ပြုပြင်ရန် မွန်ပြည်နယ် အစိုးရက ငွေကျပ်သန်း သုံးထောင့်ငါးရာကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက The Voice သို့ ပြောကြားသည်။

အဆိုပါစာသင်ကျောင်း များကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြုပြင်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ က ဘတ်ဂျက် လွှဲပြောင်းထားပြီး ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

သံဖြူဇရပ်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရော စသည့်မြို့နယ် ခုနစ်ခုမှ အခြေခံပညာ အထက်ကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း တို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ် ခြင်း၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်လမြိုင်၊ ကျိုက်ထို၊ မုဒုံ စသည့် မြို့များရှိ ကျောင်းများကိုမူ ပြည်ထောင်စု အစိုးရက ကျပ်သန်း ၁၀၀၀ ကျော်သုံးစွဲကာ ပြုပြင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လှဦးက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်သည် ၂၀၀၈- ၂၀၀၉ ခုနှစ် မှ စတင်ကာ ငါးနှစ်ဆက်တိုက် တက္ကသိုလ် ဝင်တန်းအောင်ချက် အကောင်းဆုံးပြည်နယ် အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template