Headlines News :
Home » » FEC တွေ သတ်မှတ်ကာလအတွင်း အပ်နှံ/ လဲလှယ်ရန် ထပ်မံ သတိပေး

FEC တွေ သတ်မှတ်ကာလအတွင်း အပ်နှံ/ လဲလှယ်ရန် ထပ်မံ သတိပေး

Written By လွင့်မောင်မောင် on Wednesday, June 19, 2013 | 10:08 PM


FEC တွေကို လက်ဝယ်ရှိနေသူတွေ အနေနဲ့ သတ်မှတ်ကာလအတွင်း လာရောက်လဲလှယ်ကြဖို့ 
မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ အသိပေး ကြေညာတာကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေနဲ့ ဗဟိုဘဏ် ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ တွေက ဖော်ပြထားပါတယ်။ 



နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate-FEC) လက်ဝယ်ရှိသူများနှင့် ပိုင်ဆိုင်သူများ သတ်မှတ်ကာလအတွင်း အပ်နှံ/လဲလှယ်ကြရန် ထပ်မံအသိပေးကြေညာခြင်း
 
 
၁။ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ တိုးတက်ပြောင်းလဲဖြစ်ပေါ်လျက် ရှိပြီး၊ နိုင်ငံခြားငွေဈေးကွက် စနစ်တကျတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိသည့် အစီအမံ များ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှစတင် ကာ နိုင်ငံခြားငွေ လက်မှတ်များ (Foreign Exchange Certificate-FEC) များကို စနစ်တကျ ပြန်လည်ရွေးနုတ်လျက် ရှိပါသည်။
 
 
၂။ နိုင်ငံခြားငွေလက်မှတ်များ ပြန်လည်ရွေးနုတ်ယူသည့် အစီအစဉ်ကို ၂၁-၃-၂၀၁၃ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြေငြာချက်အမှတ် (၁/၂၀၁၃)ထုတ်ပြန်ပြီး အများပြည်သူသို့ ရုပ်/သံနှင့် ပုံနှိပ်မီဒီယာများ မှတဆင့် အသိပေးကြေငြာခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တွင် ဖော်ပြကြေငြာခြင်း၊ ၃၁-၃-၂၀၁၃ ရက်နေ့တွင် နိုင်ငံခြားငွေလက်မှတ် ပြန်လည်ရွေးနုတ်ယူခြင်း ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်သည့် ဘဏ်၊ ဘဏ်ခွဲများ ငွေလဲကောင်တာများ စုစုပေါင်း(၃၈၅)နေရာ၏ စာရင်းနှင့် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ဖော်ပြပါမီဒီယာများနှင့်Website တွင် ဖော်ပြ 
ကြေငြာခြင်း စသည့်လုပ်ငန်းစဉ်များဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အသေးစိတ်စီစဉ် အကောင်အထည်ဖော်ခဲ့ပါသည်။
 
၃။ နိုင်ငံခြားငွေလက်မှတ် ပြန်လည်ရွေးနုတ်ယူခြင်းကို ကနဦးသတ်မှတ် ကာလဖြစ်သည့် ၁-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ ကာလအတွင်း သက်ဆိုင်ရာ ဘဏ်၊ ဘဏ်ခွဲ၊ ငွေလဲကောင်တာများ တွင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကနဦးသတ်မှတ်ကာလ မကုန်ဆုံးမှီ လာရောက်ဆောင်ရွက်ပါရန်နှင့် ကနဦးသတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံ/လဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများ သည် ကနဦး သတ်မှတ်ကာလအတွင်း မဆောင်ရွက်နိုင်ခြင်းအတွက် ခိုင်လုံသောအကြောင်းပြ ချက်
ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များတွင် (၁-၇-၂၀၁၃) ရက်နေ့မှ (၃၁-၃-၂၀၁၄) ရက်နေ့ အထိ နိုင်ငံခြားငွေလက်မှတ်များ အပ်နှံ/လဲလှယ်ရန်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။
ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template