Headlines News :
Home » » မျိုးစောင့် ဥပဒေကို လက်မခံနိုင်ကြောင်း အမျိုးသမီးအဖွဲ့များ ထုတ်ပြန်

မျိုးစောင့် ဥပဒေကို လက်မခံနိုင်ကြောင်း အမျိုးသမီးအဖွဲ့များ ထုတ်ပြန်

Written By လွင့်မောင်မောင် on Monday, June 17, 2013 | 3:39 PM

Monday, June 17, 2013
မကြာသေးမီက မှော်ဘီမှာ သံဃာတော်များ ငြိမ်းချမ်းရေးအတွက် စုဝေးခဲ့စဉ်က မန္တလေး မစိုးရိမ် တိုက်က ဆရာတော် ဦးဝိရသူက ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ခြင်းဆိုင်ရာ မျိုးစောင့် ဥပဒေဆိုတာ တင် သွင်း သွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နောက် အမျိုးသမီး အဖွဲ့အစည်းတွေက လက်မခံကြောင်း ထုတ်ဖော်ပြောဆိုလာကြပါတယ်။ 


 
"အမျိုးသမီးတဦး လက်ထပ်ဖို့ ကိစ္စဟာ ကျွန်မတို့ အမျိုးသမီးတွေနဲ့ပဲပိုပြီး သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ရဲ့ သဘောထားကလည်း အရေးကြီးတယ်လို့ထင်လို့ ဒီကြေငြာချက်ကိုထုတ်တာပါ။ ဒီမျိုးစောင့် ဥပဒေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေ ကြေငြာစာတန်းအ ပိုဒ်(၁၆)ကို ချိုးဖောက်တာဖြစ်တဲ့ အ တွက် လက်မခံနိုင်ကြောင်း၊ စိုးရိမ်စရာကောင်းတာက ဘာသာရေးမှာ သြဇာရှိတဲ့ ဆရာတော်တွေက ဝင် ရောက် စွက်ဖက်လာတာဟာ ကျွန်မတို့ လူ့အဖွဲ.အစည်းအတွက် မကောင်းတဲ့ကိစ္စလို့မြင်ပါတယ်" လို့ အမေရိကန် ပြည်ထောင်စုမှ ချီးမြှင့်သော အမျိုးသမီးသတ္တိရှင်ဆုရ 
မဇင်မာအောင်(RAINFALL-အမျိုး သမီး) အဖွဲ.နှင့် RFA မှ ကို ဖြေကြားခဲ့တာပါ။ 


၁၇-၆-၂၁၀၃မှ မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရန် ကြိုးပမ်းမှုနှင့် ပက်သက်၍ သဘောထား ထုတ်ပြန် ချက် 

ရက်စွဲ ။              ။ ဇွန်လ ( ၁၆)ရက် ၊ ၂၀၁၃ ခုနှစ် တနင်္ဂနွေနေ့ 

၁။ ၂၀၁၃ ခုနှစ် ဇွန်လ (၁၃)ရက် နေ့ တွင်ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိ နှိုင်း ပွဲမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များအား ဘာသာခြား နှင့် အိမ်ထောင်ပြုခြင်း ကို ကန့်သတ်သည့် ဥပဒေမူကြမ်း ကို တရားဝင် အတည်ပြုနိင်ရေး အတွက် လွှတ်တော် ကိုတင်ပြ မည့် အစီအစဉ် ကို ကြေညာခဲ့သည်။ 

၂။ ၄င်းကဲ့ သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ၏ တစ်ဦး ချုင်းလွတ်လပ်မှု အခွင့်အရေး ကိုချုပ်ချယ် ရန်ကြိုးစား မှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၆) ပါ -- အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြှားခွင့် ကို ချိုးဖောက်ခြင်းဖြစ် သည်။ 

၃။ အမျိုးသားရေး နှင့် ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ် ကို အခြေခံသော မျိုးစောင့်ဥပဒေ အယူ အဆ သည် လူတစ်ဦးချင်းလွတ်လပ် မှု အခွင့် အရေး ကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သ ကဲ့ သို့၊ လူ တစ်ဦး (သို့မဟုတ်) အမျိုး သမီး တစ်ဦးချင်းစီ ၏ ပုဂ္ဂလ ရွေးချယ် မှု အပေါ် စွက်ဖက် ထိမ်းချုပ်ခြင်းလည်းဖြစ်သ ဖြင့် လက်ခံ နိုင်ဖွယ် မရှိချေ။ 

၎။ ဤ အမျိုးစောင့် ဥပဒေ ကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီး တို့၏ ပုဂ္ဂလိ က လွတ်လပ်မှု ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့် အပြင် ၊ အမျိုးသမီး တို့ ၏ ဆင်ခြင်တုံ တရားကို အထင်သေး 
စော်ကားခြင်းလည်းဖြစ်သည်။ 

 ၅။ လက်ရှိ မြန်မာနိင်ငံ ၏အသွင်ကူးပြောင်းမှု အပေါ် နှောက်ယှက် ဟန့်တားလိုသော မသမာ သော လူတစ်စု ၏ ရန်ကို ကာကွယ်နိင်ရန် အတွက် လူမျိုး ဘာသာမရွေး ၊ ကျား -မ မရွေး ၊ အရပ်ဖက်လူ့ အဖွဲ့ အစည်းများ ၊ ဒီမိုကရေစီ အင်အားစု အားလုံး အပါအဝင် ပြည်သူ တစ်ရပ်လုံး မတူ ကွဲ ပြား သည့် ဖြစ် တည် မှု များ ကို အပြန် အလှန် လေး စား တတ် သည့် အလေ့ အထ ကို မွေး မြူ ရင်း ၊ ညီညွတ်ကြရမည့် အချိန်ဖြစ်သည်။ 

၆။ မျိုးစောင့် ဥပဒေ ကို သာ အတည်ပြုခဲ့ ပါ က ဗုဒ္ဓဘာသာ သည် အခြား ဘာသာဝင်များ နှင့် ရော စပ် ယှဉ် တွဲ နေထိုင်ရန် ယုံ ကြည် မှု ကိုယ်ခံ အား နည်း သော ၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံ ခံစား နေ ရသော ဘာသာ ၊ သာသနာ ဖြစ် သည် ဟု ဆိုလို ရာရောက်ပေလိမ့်မည်။ 

၇။ ဤသို့သော ၊ လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ၊ နိင်ငံရေး ၊ ဘာသာရေး နှင့် စိတ်ပညာ အမြင် များကို အခြေခံ ၍ - မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချ ပြီး၊ ဗုဒ္ဓဘာသာ ဝင် အမျိုးသမီး ထု အနေဖြင့် မိမိ တို့ လွတ်လပ်မှု ကိုစွက်ဖက် ထိမ်းချုပ်လိုသော ၊ အမျိုးသမီး ထု ၏ ဆင်ခြင်တုံ တရား ကို ထိပါး စော် ကား သော ဤ မျိုးစောင့်ဥပဒေ ကို ညီညွတ်စွာ ဆန့် ကျင် ကြပြီး၊ ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း ဒီမို ကရေစီ အသွင်ကူးပြောင်း မှု ကို နှောက်ယှက် ဟန့်တား လိုသော မသမာ သူ တစ်စု ၏ မရိုးဖြောင့်သော နည်းပရိယာယ် ကို အစဉ် မပြတ် သတိရှိ ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။ 

၈။ ယခု ကြေညာချက် ကို လွတ်လပ်မှု့ နှင့် လူသား ၏ ဆင်ခြင်တုံ တရား ကို လေးစား တန်ဖိုး ထား မြှင့်တင်လို သော မည့်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီး မဆို မိမိ တို့ နှင့် သဘောထား တူ မျှ ပါက လွတ်လပ်စွာ ဖြန့် ဝေ ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ပါသည်။ 

{ RAINFALL - အမျိုးသမီး အဖွဲ့ } 
{အက္ခရာ အမျိုးသမီးအဖွဲ့ } 
မနန့်သဇင်မင်း ( Colourful girls ) 
KWEG- ကရင်အမျိုးသမီးဖွံ့ဖြိုးရေး အဖွဲ့ 
ဖန်တီးအိမ် - Phan Tee Ein ( Creative Home) 
၈၈ - မျိုးဆက် ( အမျိုးသမီး အဖွဲ့) 
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ-က-သ) 
Triangle Women Support Group
ဧရာဝတီ မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template