Headlines News :
Home » » » ပန်းတောင်းမြို့နယ်ရှိ လယ်သမားများ တပ်သိမ်းမြေတွင် ထွန်ယက်

» ပန်းတောင်းမြို့နယ်ရှိ လယ်သမားများ တပ်သိမ်းမြေတွင် ထွန်ယက်

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 11:32 AM

 
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ကျီးတောင်ကျင်း ကျေးရွာနှင့် ဒေါင်းတိုက်ကျေးရွာတို့တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ်-၅ မှ သိမ်းဆည်းထားသော လယ်မြေများကို ပြန်လည်ထွန်ယက်
နေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

သိမ်းဆည်းခံထားရသော လယ်မြေများကို ဇွန် ၇ ရက်နေ့မှစ၍ ပြန်လည်ထွန်ခဲ့ရာ မြို့နယ်ရဲမှူးက လယ်ထွန်ခြင်းကိုရပ်ရန်နှင့် မရပ်ပါက နောက်ဆက်တွဲပြဿနာ တက်နိုင်သည်ဟု လာရောက်တားမြစ်
သော်လည်း မရပ်ခဲ့ကြောင်း လယ်သမားများက ပြောသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ပန်း တောင်းတစ်မြို့နယ်လုံးရှိ လယ်မြေသိမ်း ဆည်းခံထားရသော လယ်သမားများ စုပေါင်းကာဆန္ဒထုတ်ဖော်ပြီး မိုးရာသီအမီ မိမိတို့လယ်များကို မှတ်ပုံတင်ခွင့်ရလိုကြောင်း၊ စုံစမ်းရေး ကော်မရှင် အမြန်ဆုံးလာရောက်စစ်ဆေးပေးပြီး သိမ်းဆည်းခံ လယ်မြေများ
ပြန်လည်ရရှိလိုကြောင်းစသည့် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ ပန်းတောင်းမြို့နယ်တွင် စစ်တပ်မှ သိမ်း ဆည်းထားသော လယ်မြေဧကပေါင်း ၁၉,၃၀၀ ကျော်ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှထုတ်ပြန်ထားကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ကတော့ ဒီနေ့ကစပြီး ကိုယ့်လယ်ကိုယ် ပြန်ထွန်တော့မယ်။ လာတားလည်း ဆက်လုပ်မှာပဲ”ဟု ဦးဌေးလွင်က ပြောသည်။

ပန်းတောင်းမြို့နယ်သည် ပဲခူးတိုင်း အနောက်ခြမ်းတွင် သိမ်းဆည်းခံ လယ်မြေ အများဆုံးနေရာဖြစ်ပြီး စုံစမ်းရေးကော်မရှင် စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ တိုင်စာများတင်ခဲ့သော်လည်း စုံစမ်းရေးကော်မရှင်သက်တမ်း ကုန်ဆုံးခါနီး ယခုအချိန်ထိ လာရောက်စစ်ဆေးမှု မပြုသေးသည့် အတွက်
လည်း လယ်သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ နေကြောင်းလည်း ဒေသခံများက ပြောသည်။

အချို့လယ်သမားများသည် တရားရုံးနှင့် ဆက်လက်ရင်ဆိုင်နေ လျက်ရှိကြောင်းလည်း သိရသည်။ မိမိတို့ တရားစွဲခံထားရသည့် ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ကို ၀င်ရောက်ညှိနှိုင်း
ပေးစေလိုသောဆန္ဒရှိကြောင်း လယ်သမားများက ပြောသည်။
သို့သော် “ကျွန်တော်တို့အနေနဲ့အငြင်းပွားမြေတွေကို ဘယ်သူမှ မလုပ်ရဘဲ ရပ်ထားရမှာ ဖြစ်တဲ့အတွက် ၀င်လုပ်ရင်တော့ တရားစွဲတဲ့ပြဿနာတွေ ဖြစ်လာမှာပဲ။ ဒီအပေါ်မှာလည်း စုံစမ်းရေးကော်မရှင်အနေနဲ့ ၀င်ညှိနှိုင်းပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဥပဒေပြုလွှတ်တော်က
တရားရေးမှာ ၀င်စွက်ဖက်တယ်လို့ ကျွန်တော်တို့ကို စွပ်စွဲလွန်းလို့ပါ”ဟု ပဲခူးတိုင်းစုံစမ်းရေးကော်မရှင်တွင်ပါဝင်သော ဦးစိန်ထွန်းက ပြောသည်။

စုံစမ်းရေးကော်မရှင် အနေဖြင့်ဖြစ်စေ၊ စစ်တပ်မှဖြစ်စေ လယ်သမားတို့၏ စားဝတ်နေရေးကို ငဲ့ညှာသောအားဖြင့် ပြဿနာမပြီးစဉ် ကာလအတွင်း လယ်လုပ်ခွင့်ရှိကြောင်း လယ်သမားများအား တရားဝင်ပြောပါက အဆင်ပြေ မည်ဖြစ်ကြောင်း လယ်သမားအရေးလှုပ်ရှားသူ ဦးရဲထင်ကျော်က ပြောသည်။

ပြဿနာမပြီးပြတ်မီ ကာလအတွင်း တရားစွဲဆိုသည့် ပြဿနာများကို စုံစမ်းရေးကော်မရှင်အနေဖြင့် ၀င်ရောက်ညှိနှိုင်းပေးလို့မရဘဲ ထိုအလုပ်များအား အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိပြီး အုပ်ချုပ်ရေးမှူးများက လုပ်သင့်ကြောင်း စုံစမ်းရေး ကော်မရှင်၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းထွန်းကပြောသည်။

နော်အဲ့ထူးဟဲ
The Farmer Media
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template