![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLWnXXqrkwGCq-Oi1XjJWhfQtyS5HIT5lsWRRDyit3tvUOJmrWndQQrA3yi_nVcBoaDOtHsQyTRZFSkDbz1H1GSvipj7gYTSUzlltPplGq4a5NstcCwsLjYW156C2PeUXYBE2LHLohyphenhyphenGQ/s400/485610_389158301201314_1671993400_n.jpg)
ဟေတီနိုင်ငံဖွား ကနေဒါ နိုင်ငံသား လက်ဝှေ့ကျော် အဒိုးနစ်(စ်) စတီဗင်ဆန်သည် ဇွန် ၈ ရက်တွင် ကမ္ဘာ့လက်ဝှေ့ ကောင်စီက ပြုလုပ်သော လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲတွင် ပြိုင်ဘက် ချက်ဒေါ့ ဆင်အား ဘယ်ဝိုက်လက် သီး တစ်လုံးတည်းဖြင့် ပထမအချီ မှာပင် အလဲထိုး အနိုင်ယူ နိုင်ခဲ့ ကြောင်း သိရသည်။
အသက် ၃၅ နှစ်ရှိ စတီဗင်ဆန်သည် ကြေးစားလက်ဝှေ့ပွဲ ၂၂ ပွဲမျှ ယှဉ်ပြိုင် ထိုးသတ်ထားသည်။
ယခုပွဲစဉ်တွင် စတီဗင်ဆန်သည် ပထမအချီ ပွဲချိန် ၁ မိနစ်နှင့် ၁၆ စက္ကန့်မှာပင် ပြိုင်ဘက်အား ပွဲသိမ်း ထိုးသတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ပြိုင်ဘက်များ အနေဖြင့် မိမိနှင့် မည်သည့် အတွက်ကြောင့် ယှဉ်ပြိုင်လိုခြင်း မရှိသည်ကို အား လုံး နားလည်ကြပြီ ဖြစ်လိမ့်မည်ဟု စတီဗင်ဆန်က ပြောကြားထားသည်။
၎င်းသည် ပြိုင်ပွဲတိုင်းတွင် အခွင့်အရေး ရပါက ၎င်း၏ ဘယ်လက်သီးကို အားထည့် ထိုးသွင်းလေ့ ရှိသူဖြစ်ပြီး ၎င်းအနေ ဖြင့်လည်း ထိုအချက်ကို ဝန်ခံ ထားကြောင်း သိရသည်။
Written by စကားဝါ (မြ၀တီ)