Headlines News :
Home » » မလေးရှားရောက် မြန်မာ လူမျိုးများရဲ့ အခြေအနေ တင်ပြချက်

မလေးရှားရောက် မြန်မာ လူမျိုးများရဲ့ အခြေအနေ တင်ပြချက်

Written By လွင့်မောင်မောင် on Thursday, June 13, 2013 | 2:55 PM

မလေးရှားရောက် မြန်မာ လူမျိုးများရဲ့ အခြေအနေ
 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးဇင်ယော်နဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက ကာပုန်း(Kepong) ရပ်ကွက်က ဆမ်နပ် ဆမ်ဘောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းကို ရောက်ရှိသွားပြီး၊ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ရှာတိုက်ခိုက်မှုတွေကြောင့် လာရောက်ခိုလှုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆရာတော် ဒေါက်တာ အိန္ဒက ဦးစီးတဲ့ လူမှုရေးအဖွဲ့ဝင်တွေကို တွေ့ဆုံ အားပေးခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့ အတူ မကြာခင်ကမှ မြန်မာနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF ဥက္ကဌ ဦးမင်းလှိုင်နဲ့ တခြားအဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့မှာ မလေးရှား အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒီအတောအတွင်း မနေ့ညနေပိုင်းမှာ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာလူမှုကူညီရေးအသင်းကို မြန်မာနိုင်ငံသားတချို့က အလှူငွေများပေးအပ်ခဲ့ပါတယ်။

မြန်မာလူမှုကူညီရေးအသင်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဆန်းဝင်းက အလှူရှင်တချို့ရဲ့ အမည်ကိုပြောကြားရင်း လက်ခံရရှိတဲ့ အလှူငွေတွေကို ပွင်းလင်းမြင်သာစွာ အသုံးပြုမယ်လို့ RFAကို ပြောပါတယ်။

"ကမ္ဘောဇဘဏ်က ဦးအောင်ကိုဝင်းက ဒေါ်လာ ၅၀၀၀၀ ၊နောက်တစ်ခု ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က ဒေါ်လာ ၂၀၀၀၀၊ Eleven Media Group က ဒေါ်လာ ၁၀၀၀ လှုထားပါတယ်။အားလုံးပေါင်း ဒေါ်လာနဲ့ဆိုရင် ၇၁၀၀၀ လှုထားပါတယ်။ဒီငွေတွေနဲ့ သေဆုံးသွားတဲ့သူတွေအတွက် သုံးမယ်။ကျန်ရစ်တဲ့ မိသားစုတွေကို ထောက်ပံ့ကူညီမယ်။ဒဏ်ရာရတဲ့သူတွေကို သူတို့ရဲ့စားရိတ်စက ရှင်းပေးမယ်။ကျွန်တော်တို့ အလှုငွေပေးခိုင်းတဲ့ အချိန်မှာ လက်ခံသူတွေကို လက်မှတ်တွေထိုးထားခိုင်းမယ်။အလှုရှင်တွေကို သိသာအောင် ထင်ရှားအောင်ပြမယ်။facebook တွေပေါ်မှာလည်း တင်ပြဖို့ စီစဉ်ထားပါတယ်။
အခုလို မလေးရှားရောက်မြန်မာနိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားနေမှုကို ဘာသာရေးနဲ့ လူမှုရေး ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ဝိုင်းဝန်းထိန်းသိမ်းဖို့လိုအပ်နေတယ်လို့ ကွာလာလမ်ပူမြို့မှာ ၁ဝ နှစ်ကျော်နေထိုင်ခဲ့တဲ့ မြန်မာ မွတ်စလင်ခေါင်းဆောင်တဦးဖြစ်သူ မိုဟာမက် နာအင်း ကပြောပါတယ်။

"ကျွန်တော်နားလည်လာတဲ့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုဆိုတာ ဒီလို မဟုတ်ပါဘူး။ဒီလိုမုန်းတီးရေးတွေ ကျွန်တော်တို့ အတွင်းမှာမရှိခဲ့ဘူး။ပြုပြင် ပြောင်းလဲမှုကြီး ဖြစ်လာပြီ။အခုအားလုံး မျှော်လင့်ချက်လေးရှိလာပြီဆိုတော့ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဒီဟာတွေဟာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်။ကျွန်တော်တို့အဓီက လုပ်ရမှာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရဖို့ ဆွေးနွေးပွဲတွေ လုပ်ရမယ်။ကျွန်တော်တို့မွတ်စလင်တွေသည် ဘယ်သူတွေလဲ၊တကယ်တမ်း အင်တာနက်ပေါ်က Anti-Islam Website တွေပေါ်က ဖြန့်ချိတဲ့ အကြောင်းအရာတွေဟာ တကယ်တမ်း အစ္စလာမ်သင်ကြားမှုတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ၊ဒါတွေကို တစ်ဖက်က ဘာသာခြားတွေကို ရှင်းပြမယ်။ဟိုဘက်ကလည်း ဘာသာရေးအရ ကောင်းမွန်တဲ့ သင်ကြားမှုတွေကို ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကို ပြန်ရှင်းပြမယ်ဆိုရင် ဒါစားပွဲဝိုင်းတစ်ခုပေါ်မှာ ဖြေရှင်းလို့ရတဲ့ နည်း"

အခုရက်ပိုင်းအတွင်း စိုးရိမ်တကြီးမြန်မာပြည်ပြန်လိုသူတွေထံကနေ ပွဲစားတွေက CI လို့ခေါ်တဲ့ လက်မှတ်အတွက် တရားဝင်ပေးရမယ့် ရင်းဂစ် ၄ဝဝ အစား ၁၅ဝဝ တောင်းနေတယ်လို့လည်း ကျယ်ကျယ်ပျံပျံ့ထွက်နေပါတယ်။

တချို့ အောက်လမ်းလို့ခေါ်တဲ့ ကားလမ့်းကနေ ရင်းဂစ်၉၅ဝ နဲ့ပြန် ကြမယ်လို့ပြောကြပါတယ်။

မြန်မာနိုင်ငံကို တကယ်ပြန်ဖို့ လိုတယ်ဆိုရင်လဲ ဘယ်လိုပြန်မလဲဆိုတာကို သေချာစဉ်းစားဖို့ လိုတယ်လို့ စင်္ကာပူ နိုင်ငံကနေ လာရောက် ပြီး မြန်မာတွေကို ကူညီနေတဲ့လုပ်ငန်းရှင် ဒေါ်နီလာအောင်က ပြောပါတယ်။

"လာတော့ကလဲ အန္တာရာယ်တောကလာတယ်ပြန်တော့လဲ အန္တာရာယ်တောထဲက ပြန်မယ်ဆိုရင် အများကြီးဆုံးရှုံးနိုင်ပါတယ်။ကိုယ့်ဘာသာကိုယ် အလုပ်ရှင်နဲ့ညှိနှိုင်းပြီး အလုပ်လုပ်မယ်ဆိုရင် ဒီပြဿနာ တအားကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ကြောက်လန့်တကြားနဲ့ ပြန်တာတို့ သံရုံးနဲ့ဆက်သွယ်ပြီး တစ်ခုခု လုပ်တာတို့ဆိုရင် ကြားထဲမှာ Third Party တွေရှိတော့ သူတို့ပိုပြီးများ ဆုံးရှုံးမလား"

အခုလိုသေဆုံးဒဏ်ရာရသူတွေကို ကူညီအားပေးစကားပြောရမယ့်အစား အမြဲလိုလိုကြားရတတ်တဲ့ သံရုံးပွဲစားတွေရဲ့အရေးအခင်းပေါ်က အမြတ်ထုတ်တာကို မခံရအောင် ဆရာတော်တွေနဲ့ လူမှုရေးအဖွဲ့တွေက ကြိုးစားနေကြပါတယ။်

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template