Headlines News :
Home » » သမ္မတအိုဘားမား ဆီးရီးယားသူပုန်များကို လက်နက်ခဲယမ်းထောက်ပံ့ရန် ဆုံးဖြတ်ပြီးဖြစ်

သမ္မတအိုဘားမား ဆီးရီးယားသူပုန်များကို လက်နက်ခဲယမ်းထောက်ပံ့ရန် ဆုံးဖြတ်ပြီးဖြစ်

Written By လွင့်မောင်မောင် on Saturday, June 15, 2013 | 1:17 PM

 
အမေရိကန်သမ္မတအိုဘား မားသည် ဆီးရီးယားအစိုးရစစ် တပ်အနေဖြင့် သူပုန်များအား ဓာတုလက်နက်များအသုံးပြုနေ ကြောင်းခိုင်လုံသည့် အထောက် အထားများရရှိထားပြီဖြစ်၍ အာဆတ်အစိုးရအား လက်နက် စွဲကိုင်တိုက်ပွဲဝင်နေသည့် သူပုန် များကို လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ဇွန်လ ၁၃ ရက် က ဆုံးဖြတ်လိုက်သည်။
သမ္မတအိုဘားမားက ဆီးရီး ယားအစိုးရသည် သည်းခံနိုင် သည့်အတိုင်းအတာသတ်မှတ် စည်း Red Lineကိုကျော်နေပြီး အမေရိကန်တို့မ၀င်ရန်မဖြစ်တော့ လို့ ၀င်ရတော့မည့်အခြေအနေ ရောက်ရှိနေသည့်အတွက် ယင်း သို့ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုဆို သည်။ ဆီးရီးယားအရေးကို စစ် ရေးအရ ဖိအားပေးဆောင်ရွက် ရန် လွန်စွာစိတ်အားထက်သန်နေ သူ ဆီးနိတ်အမတ် ဂျွန်မက်ကိန်း ကလည်း ““မိမိအနေဖြင့် ဆီးရီး ယားအစိုးရအား စစ်ရေးအရ အရေးယူရေးဆုံးဖြတ်နိုင်ရန် သမ္မတအိုဘားမားအား မနေ့က တင်ပြခဲ့သည်””ဟု ပြောကြားပြီး၊ အမေရိကန်ထိပ်တန်းအရာရှိ ၃ ဦးတို့က ဆီးရီးယားအား စစ်ရေး အရ အရေးယူရန်၊ သူပုန်များအား စစ်လက်နက်ပစ္စည်များတင်ပို့ရန် ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ကြသည်။
လက်နက်ခဲယမ်းများ မည် ၍မည်မျှပို့ရမည်၊ ဘယ်ပုံဘယ် နည်းပေးပို့မည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အမြင်သဘောထား ကွဲပြားမှုများ အနည်းငယ်ရှိနိုင် ကြောင်း သို့သော် ကျွန်တော်တို့ ပေါင်းဆပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် လုံခြုံရေးကောင်စီ(National Secucity Agency) ဒုတိယအကြံ ပေးအရာရှိချုပ် ဘင်ရွတ်ဒ်က ပြောကြားသည်။
ဆီးနိတ်အမတ် ဂျွန်မက် ကိန်းနှင့် လင်ဆေဂရေဟင်တို့က နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့များ အနေဖြင့် ဆီးရီးယားလေပိုင်နက် အတွင်း ဆီးရီးယားအစိုးရလေ ယာဉ်များမဖြတ်ရနယ်မြေ
(No Fly Zone)သတ်မှတ်ပြီး၊ စစ်ဆင် ရေးနယ်မြေများသို့ ဆီးရီးယား စစ်တပ်မှ စစ်သည်များအား ရိက္ခာနှင့် လက်နက်ခဲယမ်းများ မပို့နိုင်ရေးကန့်သတ်တားမြစ်ထား ရန် အချက်များပါဝင်မည်ဟုဆို သည်။ သို့သော် အိုဘားမား အနေဖြင့် No Fly Zoneသတ် မှတ်ရန်နှင့် အမေရိကန်စစ်သည် များစေလွှတ်သင့်/မသင့်ကိုမူ မဆုံးဖြတ်ရသေးဟု ဘင်ရွတ်ဒ်က ဆိုသည်။

ကျော်စိန် Hot News Journal
Ref; News. MSM.
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template