Headlines News :
Home » » လူသတ်မှု ၃ ခုအတွက် သံသယရှိသူ ၃ ဦးအား မလေးရှားရဲ အလိုရှိနေ

လူသတ်မှု ၃ ခုအတွက် သံသယရှိသူ ၃ ဦးအား မလေးရှားရဲ အလိုရှိနေ

Written By လွင့်မောင်မောင် on Tuesday, June 11, 2013 | 7:06 PM

 
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မှုခင်း ၃ ခုနှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးအား အလိုရှိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

သံသယရှိသဖြင့် အလိုရှိကြောင်းကြေညာချက်ထုတ်ခံရသူ ၃ ဦးမှ မြန်မာ ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ် တစ်ဦးဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံ ဆူဘန်းဂျာယာမြို့နယ်မှ အခန်းတစ်ခုအတွင်းဝယ် အသက် ၂၀ အရွယ်ရှိ မြန်မာတစ်ဦးအသတ်ခံရခြင်းအတွက် အသက် ၃၆ နှစ်အရွယ် မြန်မာလူမျိုး တင်မောင်သန်း၊ ဆွန်ဂိုင်းဘူလိုး မြို့နယ်ရှိ အခန်းတစ်ခန်းအတွင်းဝယ် မြန်မာတစ်ဦးသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာလူမျိုး မျိုးထွန်း၊ ဆရီ ကမ်ဘန်ဂန်မြ...ို့နယ်တွင် မိမိ၏ဇနီးသည် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးအားသတ်မှုနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဘင်္ဂလားဒေ့ရှ်လူမျိုး အသက် ၃၀ အရွယ် ပါမန် တို့ကို ရဲတပ်ဖွဲ့က အလိုရှိခြင်းဖြစ်ကြောင်းသိရသည်။

ထို သံသယရှိသူ ၃ ဦးအား တွေ့ရှိပါက နီးရာ ရဲစခန်းသို့ဆက်သွယ်အကြောင်းကြာပါရန် ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့မှ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဆီလန်ဂေါပြည်နယ်မှုခင်းစုံစမ်းရေးအဖွဲ့မှူး မိုဟာမက် အက်ဒ်နန်း ဘင် အဗ္ဗဒူလာကပြောသည်။

PN-002
ref: Polis Selangor
Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template