Headlines News :
Home » » လူထုဆန္ဒခံယူပွဲလုပ်လုပ်လွှတ်တော်မှာဘဲဆုံးဖြတ်ချက်ယူယူမဲဆုံးဖြတ်ပြီး တစ်ခုခုတော့ဆောင်ရွက်ရတော့မည်

လူထုဆန္ဒခံယူပွဲလုပ်လုပ်လွှတ်တော်မှာဘဲဆုံးဖြတ်ချက်ယူယူမဲဆုံးဖြတ်ပြီး တစ်ခုခုတော့ဆောင်ရွက်ရတော့မည်

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 9:29 AM

    
     ယခုတလော မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံး နိုင်ငံရေးပြသနာ တခုမှာ
-၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအကြောင်းဖြစ်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမှီက ပြုလုပ်သောဘီဘီစီ၏ အနာဂါတ်မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်သည့် ၀န်ကြီးဦးစိုးသိန်းနှင့် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ ရာတွင်လည်း ယင်းအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ သည် ။

 ဒေါ်အောင်ဆန်းစုကြည်မှာ ဤစကားစစ်ထိုးပွဲ တခုထဲတွင်သာ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြောဆိုနေခြင်းမဟုတ် ။ အချိန်ရသရွေ့ ပြောဆိုနေခြင်းဖြစ်သည် ။
 မြန်မာနိုင်ငံအစိုးရ ၀န်ကြီးများကလည်း ဤဥပဒေကို မည်သို့ မှ မပြင်ဆင်တော့ကြောင်းကိုလည်း တင်ပြပြောဆိုနေကြပြီးဖြစ်သည် ။ မနေ့ က ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ဦးဋ္ဌေးဦးကလည်း ပြင်ဆင်စရာ မရှိကြောင်း ရုပ်သံလွှင့်ပြောဆိုနေသည်ကို တွေ့ ရသည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် အခြားနိုင်ငံရေးပါတီများမှလည်း ပြင်ဆင်စရာ မလိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေသည် ။ မြန်မာနိုင်ငံပြည်တွင်းထုတ် သတင်းစာ ဂျာနယ်စာစောင်တို့ မှာလည်း -၁၉၈၂-ခုနှစ် ဥပဒေကို ပြင်ဆင်စရာမလိုကြောင်း ရေးသားနေကြသည်ကို တွေ့ ရသည် ။ ရခိုင်ပြည်နယ်တွင် လူထုဆန္ဒပြပွဲ ပြုလုပ်နေကြပြီ ။

အခြားပြည်နယ်များမှလည်း လူထုဆန္ဒပြပွဲ ပြလုပ်လာကြအုံးမည်ဟု
ခန့် မှန်းနိုင်သေးသည် ။ မြန်မာနိုင်ငံအတွင်းမှ မည်သို့ ပင်အရေးကြီးသော အဖြစ်အပျက်များကို
နိုင်ငံရေးပါတီများနှင့် ဂျာနယ်-သတင်းစာများမှ ရေးသားထုတ်လွှင့်နေကြသည့်တိုင်
ကမ္ဘာက ဂရုမပြု ။ ဒေါ်အောင်ဆန်းစုကြည်က ပြောမှ ဆိုမှ အသံထွက်အောင် ရေးသားပြောဆိုကြသည် ။ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်၏ -၈၂-ခုနှစ် ဥပဒေကို ပြင်ဆင်စရာမရှိပါဟု ဆိုသော စကားကိုမူ အသိအမှတ် ပြုပြီး ရေးသားပြောဆိုကြသည်ကို မတွေ့ ရတတ် ။ မည်သို့ ပင်ဆိုစေ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဤနိုင်ငံသားဖြစ်မှုဆိုင်ရာနှင့် ပတ်သက်၍ ဆက်လက်အငြင်းမပွါးရလေအောင် ပြုလုပ်ဆောင်ရွက်စရာ နည်းလည်းကို ရှာဖွေရန်လိုသည် ။

       ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသိန်းညွန့် ၏ လွှတ်တော်မှာ အဆိုတင်ပြနိုင်သည် ဆိုသော စကားကို လက်သင့်ခံရန် လိုအပ်သည်ဟု ထင်မြင်သည် ။ ဤပြသနာသည် တစ်ယောက်တမျိုး ပြောနေရုံနှင့် ရေးနေရုံနှင့် ပြီးမြောက်မည့် ပြသနာမဟုတ်ချေ ။ တချိန်တည်းမှာပင် ဤပြသနာကို အကြောင်းပြုလုပ်ပြီး ပြည်တွင်းနေ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ကလည်း တစ်ဦးကို တစ်ဦးပုပ်ခတ်ပြီး ပြောနေစရာ မလို။
 ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်အပြစ်တင်စရာလည်း မလိုတော့ ။ အခြားတဖက်မှာ ပြည်ပမှ ၀င်ရောက်စွက်ဖက်တတ်သည့် နိုင်ငံတကာမှ အန္တရယ်များကိုလည်း တွက်ချက်ထားရန်လိုနေသည် ။

ထို့ ကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိ၏ပြောရေးဆိုခွင့်ရှိသော ဘူမိနက်သန်နယ်မြေဖြစ်နေသည့် ပြည်သူ့ လွှတ်တော်တွင် -၁၉၈၂-ခု နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ၌ ဤအချက်သည် အားနည်းနေသည်-
 ဤအချက်သည် ပြင်ရမည်ဆိုသောအချက်အလက်များကို တိတိကျကျ တင်ပြဆွေးနွေးရန်
လိုသည် ။ သို့ အတူ ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်များအား အကျိုးအကြောင်းများဖြင့် ဤ-၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေပို ပြင်ဆင်ရန် မလိုကြောင်းကို တင်ပြကန့် ကွက်သူများက ရှိလာလျှင် တင်ပြနိုင်ခွင့် ရှိလာမည်ဖြစ်သည် ။ သို့ ဖြစ်၍ ဤဥပဒေအား ပြင်ဆင်ရန် လိုအပ်ခြင်း သို့ မဟုတ် မလိုအပ်ခြင်းကို ဗြောင်မဲစနစ်အရ ဆုံးဖြတ်ချက်များကို ချမှတ်ပြီး ဆောင်ရွက်ကြရန် လိုနေပြီဖြစ်သည် ။ ထူးခြားချက်တစ်ခုမှာ ဤနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်တောင်းဆိုခြင်းသည် အတိုက်အခံပါတီတစ်ခု၏ တောင်းဆိုချက် မဟုတ်ဆိုခြင်းကို လူတိုင်းနားလည်ကြပြီးဖြစ်သည် ။ အကယ်၍ ဤသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို နိုင်ငံတကာစံနုံးနှင့်အညီ ပြောင်းလဲ ပြင်ဆင်လိုလျှင် ဒီမိုကရေစီနည်းအရ ပြည်သူ့ ဆန္ဒပါစေလိုသည်ဟုဆိုမှ ဖြစ်မည်ဆိုပါက လူထုဆန္ဒခံယူပွဲကို တနိုင်ငံလုံး ကျင်းပပေးသင့်သည် ။

      လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီနိုင်ငံတွင် အမှန်တကယ် ဆောင်ရွက်ကြသော နည်းပညာမျိုး မြောက်မြားစွာရှိသည် ။ ရေဒီယို မှ တွေ့ ဆုံမေးမြန်းခြင်း ။ ရုပ်မြင်သံကြားအစီအစဉ်ဖြင့် စကားစစ်ထိုးခြင်း ၊ လူထုလူတန်းစား အသီးသီးတို့ အား တွေ့ ဆုံမေးမြန်းခြင်းမျိုးဖြင့် သတင်းစာ-ဂျာနယ်-စာစောင်များတွင် လူထုစစ်တမ်းကောက်ယူကြသည် ။ ယခုလည်း မြန်မာနိုင်ငံတွင် နည်းလမ်းမျိုးစုံဖြင့် လူထုဆန္ဒခံယူခြင်းကို အမြန်ဆုံးဆောင်ရွက်ရန်လိုသည် ။ ယင်းသို့  ပြည်သူလူထု၏ သဘောထားများကို -Survey- လုပ်ပြီးနောက် မဲဆန္ဒခံယူပွဲကို ဆောင်ရွက်ပေးသင့်တော့သည် ။ ဤသို့  ပြည်သူ့ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်း ၊ လူထုဆန္ဒ မဲယှဉ်ပြိုင်ခံယူခြင်း စသည့် နည်းလမ်းမျိုးကို အမြန်ဆုံး မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်ပေးသင့်ကြောင်း ထင်မြင်ယူဆသည် ။

သို့ မှသာ နိုင်ငံရေးပါတီကို တိုက်ခိုက်ဝေဖန်ခြင်း၊ နိုင်ငံရေးသမားများကို ပြစ်တင်ဝေဖန်တိုက်ခိုက်ခြင်းများ ၊ အစိုးရကို ဝေဖန်ပြောဆိုခြင်းများသည် ချက်ချင်းရပ်တန့် သွားစေနိုင်သလို ဤဥပဒေနှင့် ပါတ်သက်၍ ပြောဆိုနေကြသော
သူများတို့ လည်း ပါးစပ်ပေါက်ပိတ်သွားနိုင်မည်ဖြစ်၍ နားအေးပါးအေး နေချင်သော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံအစိုးရမှ အမြန်ဆုံး ဆောင်ရွက်ပေးစေရန် စေတနာကောင်းဖြင့် တင်ပြလိုက်ရပါကြောင်း ။

ခိုင်အောင်ကျော် ( နယူးယောက် )
ဒေါင်းမာန်ဟုန်မှ တိုက်ရိုက်ကူးယူဖော်ပြသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template