ယနေ့မလေးရှားနိုင်ငံ
Royal Police Malaysia မှ ရဲချုပ်မှ မြန်မာနိုင်ငံ ဆိုင်ရာ
သံမှူးဦးကျော်စွာအား အောက်ပါအတိုင်းပြန်လည်ပေးပို့ကြောင်း သိရပါသည် ။
ပေးစာအပြည့်အစုံမှာ ....
ဦးကျော်စွာ 10.6.2013
သံမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
8C ဂျလန်းအန်ပန်းဟီလာ
ကွာလာလမ်ပူ
အကြောင်းအရာ ။ ။1.6.2013 ပါ ဆလာရန်းတွင် မြန်မာမားတိုက်ခိုက်ခံရမှု့အပေါ်တောင်းဆိုချက်ကို ပြန်ကြားခြင်း
1. မလေးရှားနိုင်ငံတွင် လာရောက်နေထိုင်သည့် သို့မဟုတ်
လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအားလုံး၏ အားလုံးအား
စောင့်ကြည့်ရန် မလေးရှားပြည်နယ်အားလုံး၏ရဲဌာနများအား
ညွှန်ကြားထားပြီးဖြစ်ပါတယ် ။ မလေးရှားတော်ဝင် ရဲဌာကလည်း အခြားသော
အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ
တရားမဝင်ပြောင်းရွေ့နေထိုင်သောမြန်မာနိုင်ငံသားများအား နှင့်
မသင်္ကာသူများကို ဖော်ထုတ်ဖမ်းဆီးရန် ဆောင်ရွက်လျှက်ရှိပါသည် ။
2. တစ်ချိန်းတည်းမှာပဲ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော
မြန်မာနိုင်ငံသားများ နှင့် ထိခိုက်ဒဏ်ရာရရှိမှု့များကို
စုံစမ်းဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည် ။
3. ထို့အတူ မြန်မာနိုင်ငံသားများကလည်း မိမိတို့ အန္တရာယ်ကို သတိဝရိယ ထားပြီး
နေထိုင်သွားလာကြပါရန် အကြံပြုပါသည် ။ မိမိတို့
မသင်္ကာမှု့ခြိမ်းခြောက်ခံရမှု့များရှိပါက အနီးဆုံးရဲစခန်းသို့
ချက်ချင်းဖုန်းဆက်သတင်းပေးပို့ပါရန် တို့ဖြစ်ပါသည် ။
Dato' Wan Ahmad Najmuddin Bin Mohd
တော်ဝင်ရဲတပ်ဖွဲ့အတွင်းရေးမှူး
မလေးရှားတော်ဝင်ရဲတပ်ဖွဲ့
တို့ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိအောင် တင်ဆက်ပေးလိုက်ပါသည် ။