Headlines News :
Home » , » လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

Written By လွင့်မောင်မောင် on Wednesday, June 12, 2013 | 8:18 AM


 လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ နေ၀င်း ၄၈ နှစ်ကို 
ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်တွင် မေ ၂၈ ရက် ညနေပိုင်း၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း ၂၄ နှစ်ကို ကျိုင်းတုံမြို့နယ်တွင် နေသူ နေ၀င်းမှ ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ကျူးလွန်သူ နေ၀င်းကို ဖမ်းဆီးစစ်ဆေးရာတွင် ဘောင်းဘီအိတ်ထဲ မှ WY စာတန်းပါ မူးယစ်ဆေးဝါး နှစ်ပြားကိုလည်း ရှာဖွတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက "ကျူးလွန်တဲ့ နေ၀င်းကို မီးရှို့မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် မှုတွေနဲ့ ဇွန် ၁၁ ရက် နံနက်ပိုင်းမှာ လားရှိုးမြို့နယ် တရားရုံးကို စွဲဆိုတင်ပို့ လိုက်တယ်။ ပြီးတော့ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၅၀ မှာ သူ့ကို မြို့နယ် တရားသူကြီးက အမိန့်ချ လိုက်ပါတယ်။ ဒါကြောင့် တရားခံကို တောင်ကြီးထောင်ကို လွှဲအပ်လိုက်ပါပြီ။ ဒါ့အပြင် နေအိမ်တွေ ဖျက်ဆီးမီးရှို့ ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်" ဟု ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ် . . . . .

ကျူးလွန်သူ နေ၀င်းကို လားရှိုးမြို့နယ် တရားရုံးမှ ပုဒ်မ ၃၀၇ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူး/စိတ်ပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ မှုး/စိတ်ပြစ်မှု ပုဒ်မ ၁၆ (င)အရ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သံသယရှိသူ ၆၀ ကျော်ကို ဖမ်ဆီးစစ်ဆေးနေပြီး တရားစွဲဆိုရန် အထောက်ထား သက်သေခိုင်လုံမှု မရှိသူ ၂၉ ဦးကို ခြေချုပ်ခံဝန် ဥပဒေဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက ဇွန် ၁၁ ရက် ညနေပိုင်းတွင် "ကျူးလွန်သူကို တရားဥပဒေ အကြောင်းအရ အပြင်းထန်ဆုံး အရေးယူခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိရင်လည်း ဝေဖန်ထောက်ပြလို့ ရတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ်။ လားရှိုးမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ လူသတ်၊ ဓားခုတ်၊ မီးရှို့၊ ဖျက်ဆီးခဲ့တဲ့ ကျုးလွန်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေး နေတယ်။ အမြန်ဆုံး တရားရုံးကို စွဲဆိုတင်ပို့ သွားပါမယ်" ဟု ပြောကြားခဲ့သည်။

Eleven Media Group

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင်ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ဖြစ်ပြီး၊ ယခု ဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ မနက် ၃ နာရီအထိ ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template