Headlines News :
Home » » ဦးသိန်းစိန်နဲ့ဆွေးနွေးဖို့ SSA(တောင်ပိုင်း)ခေါင်းဆောင်နဲ့ အဖွဲ့ နေပြည်တော် ထွက်ခွာ

ဦးသိန်းစိန်နဲ့ဆွေးနွေးဖို့ SSA(တောင်ပိုင်း)ခေါင်းဆောင်နဲ့ အဖွဲ့ နေပြည်တော် ထွက်ခွာ

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 11:31 PM

ရှမ်းပြည်တိုးတက်ရေးပါတီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်
 နေပြည်တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ
 RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းက အဖွဲ့ဝင် ၂၀ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် တာချီလိတ်မြို့ကနေ လေယာဉ်ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။

RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေးနဲ့ ဗဟိုကော်မတီဝင် အတော်မျာများ လိုက်ပါ သွားကြပြီး ဇွန်လ ၁၀ ရက်နေ့ မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်း က အတည်ပြု ပြောဆိုပါတယ်။

“ ဖိတ်ကြားချက်အရသွားတာပါ၊ ဥက္ကဌ ကြီးကြောက်ဝ် ယွက်စစ် ကိုယ်တိုင်သွားပါတယ်။ သူနဲ့အတူ အဖွဲ့ဝင်ပေါင်း ၂၀ ကျော်ကျော် လိုက်ပါသွားတယ်၊
တာချီလိတ်ကနေ လေယာဉ်နဲ့ပါပဲ၊ ဒီ ခရီးစဉ် မှာတော့ ကျနော်တို့ ဆွေးနွေးဖို့အတွက် အဓိကထားပြီးတော့ လာတဲ့ခရီးစဉ် မဟုတ်ပါဘူး၊ ကျနော်တို့ ချစ်ကြည်ရေး ခရီးစဉ် နောက်ပြီးတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကို ဦးစားပေးပြီးတော့ လာတဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်”

ဒီခရီးစဉ်မှာ အပြစ်အခတ် ရပ်စဲရေးအပါအ၀င် ငြိမ်းချမ်းရေး သဘောတူညီထားချက် တွေအပေါ် အကောင်အထည် မဖော်နိုင်သေးတဲ့ ကိစ္စတွေနဲ့ SSA အဖွဲ့က တောင်းဆိုထားတဲ့ လိုလားချက်တွေကို တင်ပြသွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောပါတယ်။

“အဓိကကတော့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကနေ ဖော်ဆောင်နေတဲ့ ဒီ ငြိမ်းချမ်းရေး ကိစ္စ သွားပြီးတော့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်၊
အဲ့ဒါကတော့ ဒီ အစိုးရကနေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ အနေနဲ့ ဘယ်လို ဘယ်အပိုင်းဌာနကနေ ဦးစားပေးနိုင်မလဲ ဆိုတာကို သမ္မတနဲ့ သွားပြီးတော့ တင်ပြမှာ ဖြစ်ပါတယ်၊ အသေးစိတ် ဆွေးနွေးချက်ကတော့ အခြေအနေပေါ်မူတည်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ မသွားခင် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် တို့တွေ့ဆုံရင် တင်ပြ ဆွေးနွေးမည့် အချက်အလက်တွေ ရရှိဖို့ဆိုပြီး ရှမ်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါသေးတယ်။

SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့ ကမှ ပထမဆုံးအကြိမ် အစိုးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့မှာ မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး ဆိုင်ရာ သဘောတူညီချက် အပါအ၀င် အချက် ၁၂ ချက်ကို သဘောတူထားပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template