Headlines News :
Home » » မန်ယူ ကစားသမားဟောင်း ဘလက်မိုး မြန်မာနိုင်ငံတွင် နည်းပြလုပ်ရန် စိတ်ဝင်စား

မန်ယူ ကစားသမားဟောင်း ဘလက်မိုး မြန်မာနိုင်ငံတွင် နည်းပြလုပ်ရန် စိတ်ဝင်စား

Written By လွင့်မောင်မောင် on Friday, June 14, 2013 | 2:49 PM


 
 မြန်မာနိုင်ငံတွင် နည်းပြ လုပ်ရန် စိတ်ဝင်စားသည်ဟု မန်ယူ ကစားဟောင်း ဘလက်မိုးက ပြောသည်။

”နည်းပြ လုပ်ငန်းကို သဘောကျပါ တယ်။ လက်ရှိလည်း လူငယ်တွေကို နည်းပြနေပါတယ်။ မြန်မာနိုင်ငံ ကိုလည်း စိတ်ဝင်စားပါတယ်” ဟု ဇွန် ၉ ရက်နေ့ တွင် သုဝဏ္ဏ ဘောလုံးကွင်း အစည်းအ ဝေးခန်းမ၌ ပြုလုပ်သည့် ရန်ပုံငွေ ကစား ပွဲ အကြို စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၄င်းကပြောသည်။
မန်ချက်စတာ ယူနိုက်တက် ကစား သမားဟောင်းဖြစ်သည့် ဒင်းနစ် အာဝင်၊ အန်ဒီကိုးလ်၊ လီရှပ်နှင့် ဘလက်မိုးတို့ လေးဦးသည် မြန်မာနိုင်ငံ တွင် ရန်ပုံငွေ ပွဲကစားရန် အတွက် ယခုလ ၉ ရက်နေ့ တွင် ရောက်ရှိခဲ့ပြီး မြန်မာ့ လက်ရွေးစင် အသင်းနှင့် MNL All Stars အသင်း တို့ ပွဲစဉ်တွင် ပါဝင်ကစားခဲ့ကြသည်။

အဆိုပါ ပွဲကို မိနစ် ၇ဝ မျှ ကစားခဲ့ ပြီး ပထမပိုင်းတွင် မန်ယူ ကစားသမား များမှာ MNL All Stars အသင်း တွင် ပါဝင်ကစားခဲ့သည်။ ဒုတိယပိုင်း တွင် မြန်မာ့ လက်ရွေးစင် အသင်းမှ ဝင်ရောက် ကစားခဲ့ကြပြီး အန်ဒီကိုးလ် မှ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ယင်းနောက် မန်ယူ ကစားသမား ဟောင်းများသည် Park Royal တွင် ပရိသတ်များနှင့် ညစာ အတူ စားခဲ့ပြီး စပွန်ဆာ ကုမ္ပဏီမှ လှူဒါန်းငွေ များကို လက်ခံ ရယူ ခဲ့ကာ ဇွန်လ ၁ဝ ရက်နေ့ တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

မန်ယူ ကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေ ခြေစမ်းပွဲကို ဧရာဝတီ ဖောင်ဒေးရှင်း၊ CEA Myanmar တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပြီး ရန်ပုံငွေ ပွဲမှ ရရှိ သည့် ကွင်းဝင်ကြေးနှင့် ညစာစားသုံးခွင့် လက်မှတ် ရောင်းချငွေများ၊ စပွန်ဆာငွေ များကို မဟာဂန္ဓာရုံ ကျောင်းတိုက်၊ သုခရိပ်မြုံ မိဘမဲ့ဂေဟာ နှင့် သီတဂူမျက်စိဆေးရုံ များသို့ လှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။

PN052

သတင်းနှင့်ဓာတ်ပုံ-- Popular Myanmar News Journal

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template