Headlines News :
Home » » မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရန် ၈၈ အဖွဲ့ ကုမ္ပဏီကို တောင်းဆို

မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရန် ၈၈ အဖွဲ့ ကုမ္ပဏီကို တောင်းဆို

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 6:42 PM


------------------------------
ရန်ကုန်၊ ဇွန်- ၉

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးရန် တရုတ်ကုမ္ပဏီ CPI ထံ တရုတ်နိုင်ငံ ရောက်
၈၈မျိုးဆက်ကျောင်းသားများက တောင်းဆိုခဲ့ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က
သတင်းထုတ်ပြန်သည်။

ခန့်မှန်းရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၆၀၀ ခန့်ရှိသည့် အဆိုပါစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးရေး
အတွက် စီမံကိန်းတွင် အဓိကရင်းနှီးမြှုပ်နှံသည့် China Power Investment ကုမ္ပဏီနှင့် ဇွန် ၆ ရက်က တရုတ်နိုင်ငံ၊
ယူနန်ပြည်နယ်၌ တွေ့ဆုံဆွေးနွေးစဉ်ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၈၈ ကျောင်းသားအဖွဲ့က
ထုတ်ပြန်သည်။

နိုင်ငံတော် သမ္မတ၏အမိန့်ဖြင့် ရပ်ဆိုင်းထားရသော အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ရန်အတွက် တရုတ်နိုင်ငံသို့
လာရောက်လည်ပတ်သည့် မြန်မာနိုင်ငံရေး အ သိုင်းအ၀ိုင်းမှအရေးပါသည့် သူများ လာရောက်တိုင်း တောင်းဆိုမှုများ
ပြုလုပ်လေ့ရှိသည့် CPI သည် ကိုမြအေးဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ အလည်အပတ်
ရောက်ရှိလာချိန်တွင် အဆိုပါ စီမံကိန်းအကြောင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ဆုံကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများတွင် CPI ကုမ္ပဏီမှ တာဝန်ရှိသူများက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့်
ပတ်သက်၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဒေသန္တရပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် စီမံ
ဆောင်ရွက်ထားသည်များကို အချက်အလက်များ၊ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြခဲ့ကြကြောင်း ၈၈ အဖွဲ့က
သတင်းထုတ်ပြန်သည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးကယင်းစီမံကိန်းတည်ရှိရာ ဧရာဝတီမြစ်ဆုံနှင့်
ဧရာဝတီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စီးပွားကူးသန်းသွားလာရေးတို့အတွက်
အဓိကအရေးပါနေသည်ကို ထောက်ရှု့သောအားဖြင့် မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးပါရန်
မေတ္တာရပ်ခံအပ်ပါကြောင်း အလေးအနက်ပြောကြားခဲ့သည်ဟု ၈၈ ကျောင်းသားများ အဖွဲ့ကသတင်းထုတ်ပြန်သည်။

မြန်မာ့နိုင်ငံရေး အင်အားစုများ တောင်းဆိုသော်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည့် အဆိုပါစီမံကိန်းကို
တရုတ်ဘက်မှ အမှန်တကယ်ရပ်ဆိုင်းမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ကချင်ပြည်နယ်တွင်း
လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသူ ဂျာဆိုင်းခေါန်က ပြောသည်။

“သူတို့ဆီ သွားတောင်းဆိုတာထက် ကိုယ့်ဘက်ကပြတ်ပြတ်သားသားဆန့်ကျင်တယ်ဆိုတဲ့ သဘော
ထားကိုပြသဖို့လည်းလိုတယ်။ အဲဒီအတွက်လည်း ကိုယ့်လူတွေ ညီညီညွတ်ညွတ်ရှိဖို့လိုတယ်”ဟု ၎င်းကဆိုသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template