လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးသန့်စင်ထက်တို့ကို နတ္တလင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးကာ ထိန်းသိမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
ဇွန် ၁၀ ရက်နေ့က ချောင်းကမ်းကြီးကျေးရွာအုပ်စု ချောင်းကမ်းကြီးရွာ၊ ကြို့ပင်သာကျေးရွာ အုပ်စု လက်ပံပါးပျဉ်းတွေမှာ လယ်သမားတွေဟာ မိုးရာသီစပါး စိုက်ဖို့ ၀င်ရောက် ထွန်ယက်ကြတာဖြစ်ပြီး ရဲက တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက် ဖြစ်အောင် လုပ်တယ်ဆိုတဲ့စွဲချက်နဲ့ ဒေါ်မြင့်မြင့်အေးအပါအ၀င် ၃ ဦးကို ဖမ်းဆီးထားတာပါ။ ဒါပေမယ့် အမှုတော့ မဖွင့်သေးဘူးလို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
by ဒီဗွီဘီ