
မလေးရှားနိုင်ငံတွင်းရှိ မြန်မာလူမျိုးများ အသက်အန္တရာယ် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲကို မလေးရှားနိုင်ငံသို့ အမြန်ဆုံးစေလွှတ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြောကြားသည်။
ယင်းသို့ စေလွှတ်ရေးအတွက်ကို ယခုအခါ နှစ်နိုင်ငံအစိုးရချင်းအနေဖြင့် ညှိနှိုင်းတိုင်ပင်မှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။
” အခု ဟိုဘက်ကအစိုးရနဲ့ ညှိနေပါပြီ။ ဒီဘက်က သက်ဆိုင်ရာအဖွဲ့ကို အမြန်ဆုံးစေလွှတ်မှာ ဖြစ်သလို သတင်းအချက်အလက်တွေကို လည်း အမြန်ဆုံး ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က မြန်မာ့ခေတ်သို့ ပြောကြားသည်။
မြန်မာနိုင်ငံသားများလုံခြုံစေရေးအတွက် စေလွှတ်မည့် မြန်မာပြည်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အတွက် မြန်မာအစိုးရအနေဖြင့် ယခုအခါ ညှိနှိုင်းရွေးချယ်မှုများ ပြုလုပ်နေပြီဖြစ်သလို
တောင်းဆိုဆွေးနွေးသွားမည့် အချက်လက်များအတွက်လည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍” ကိုယ့်မြန်မာအစိုးရက ကိုယ့်နိုင်ငံသားတွေအတွက် အခုလိုလုပ်ပေးမယ်ဆိုတာ ကောင်းတာပေါ့၊ အဓိက ဒီမှာ အဲဒီ လို လုပ်နေတဲ့ကောင်တွေကို အမြန်ဆုံးပြတ်ပြတ်သားသား ဖမ်းဆီးအရေးယူပေးဖို့နဲ့ နိုင်ငံသားအရှုပ်အရှင်း ဖြစ်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးဖို့ လိုပါတယ်” ဟု မလေးရှားနိုင်ငံ ဆူဘန်းမြို့အတွင်း အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ယခုလဆန်းပိုင်းမှ စတင်ကာ မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားအမည်ခံ ဘင်္ဂါံလီလူမျိုးများက မြန်မာနိုင်ငံသားများကို အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြစ်မှုများ ပြုလုပ်နေကြသလို မလေးအစိုးရအနေဖြင့်လည်း မြန်မာလူမျိုးများ ဖမ်းစီးစစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ယင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလူမျိုးများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများနှင့် ယခုချိန်ထိ ရင်ဆိုင်ကြုံ တွေ့နေရကြောင်း သိရသည်။
ကျော်ကြီး(မြန်မာ့ခေတ်)