Headlines News :
Home » » မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းပြောကြောင်း RFA က ဖေါ်ပြ

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းပြောကြောင်း RFA က ဖေါ်ပြ

Written By လွင့်မောင်မောင် on Saturday, June 15, 2013 | 10:51 AM

မြန်မာနိုင်ငံရဲ့  ဥပဒေပြုရာ အဆင့်မြင့်ဆုံး နေရာ တစ်ခုဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ  ဦးရွှေမန်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောဆိုတဲ့ အကြောင်း ဇွန်လ ၁၄ ရက်နေ့ ထုတ် RFA ( မြန်မာပိုင်း) က သတင်းမှာ ဖေါ်ပြထားပါတယ်။
Shwe man parliamentary  speaker 
“ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ မရှိဘူးလို့” ပြည်သူ့ လွှတ်တော် ဥက္ကဌက ပြောတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ ဦးရွှေမန်းဟာ ဝါရှင်တန် ဒီစီမြို့တော် ဝုဒရိုး ဝီလဆင် စင်တာ(Woodrow Wilson Center)မှာ ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ “ မြန်မာ့ နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စု လွှတ်တော်ရဲ့ အမြင်” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ အပြီးမှာ ခုလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌကို ဘူးသီးတောင်၊ မောင်တောဒေသကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌက “ဥပဒေထဲမှာနဲ့ သမိုင်း အစဉ်အလာမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ပါဘူး၊ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်၌က ဒီမှာလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရိုဟင်ဂျာလို့ မသုံးပါဘူး၊ သူတို့ကို မြန်မာတစ်ယောက် အနေနဲ့ပဲ ဒီလိုပဲသုံးနှုန်းပါတယ်″ လို့ ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ ပြည်သူ့လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောကြားခဲ့တယ်လို့ RFA (မြန်မာပိုင်း အစီအစဉ်) သတင်းမှာ ဖေါ်ပြထားပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template