Headlines News :
Home » » သမ္မတ ဦးသိန်းစိန်နဲ့ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ် တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နဲ့ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ် တွေ့ဆုံ

Written By လွင့်မောင်မောင် on Monday, June 10, 2013 | 11:49 AM

သမ္မတ ဦးသိန်းစိန်ဟာ ရှမ်းပြည်တပ်မတော် RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ယောဆခ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံကြပါတယ်။ 


ဓာတ်ပုံ- ဦးရဲထွဋ် ဖေ့စ်ဘုတ်

အဲဒီလိုတွေ့ဆုံကြရမှာ ထူးခြားမှု တခုအနေနဲ့တွေ့ရတာက ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော် တဆူကို သမ္မတနဲ့ ဗိုလ်ချုပ် ယောဆခ်တို့ကြားမှာ တွေ့ရတာပါ။ 

ဗိုလ်ချုပ်ယောဆခ်က သမ္မတဦးသိန်းစိန်ကို အဆိုပါ ဆင်းတုတော်နဲ့ ရှမ်းရိုးရာ ၀တ်စုံတခု လက်ဆောင် အဖြစ် ပေးအပ်ခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 

RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ်နဲ့ အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါ အ၀င် ဒေသ ဖွံ့ဖြိုး ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ နေပြည်တော် ကို ယမန်နေ့က ညနေ ၅ နာရီကျော်က ရောက်လာခဲ့ တာပါ။ 

နေပြည်တော်လေဆိပ်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ယောဆခ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က သွားရောက်ကြိုဆိုခဲ့တာလည်းဖြစ်ပါတယ်။ 






အိမ့်သံစဉ် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template