Headlines News :
Home » » တာဝန်သိပြည်သူတွေဖြစ် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း(သတင်းနှင့် ရုပ်သံ)

တာဝန်သိပြည်သူတွေဖြစ် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း(သတင်းနှင့် ရုပ်သံ)

Written By လွင့်မောင်မောင် on Monday, June 10, 2013 | 11:17 AM




ပြည်သူတွေအနေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်မျိုးရှိမှ အုပ်ချုပ်တဲ့အစိုးရကို ပြည်သူက ချုပ်ကိုင်လို့ရမှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မီးပုံးပျံကွင်းမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ တချို့ကိစ္စတွေမှာ အစိုးရအာဏာပိုင်တွေကလည်း တာဝန်မရှိသလို ပြုမူနေတာတွေ့ရသလို၊ ပြည်သူတွေဖက်ကလည်း တာဝန်မရှိဘူးဆိုပြီး လှစ်လျူရှုထားတာတွေ တွေ့နေရကြောင်း ပြောခဲ့ပါတယ်။
“ ကျွန်မတို့ငယ်ငယ်တုံးက ပြည်သူ့နီတိဆိုတာ ကျောင်းမှာသင်ခဲ့ရတယ်၊ ကလေးတိုင်း ကလေးတိုင်းက ပြည်သူ့နီတိဆိုတာ သင်ရတယ်၊ ပြည်သူ့နီတိဆိုတဲ့ အဓိပ္ပါယ်က ပြည်သူများရဲ့တာဝန်၊ အခုကျတော့ ကျွန်မတို့ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် ဘယ်သူက တာဝန်ယူမှာလည်းလို့ မေးစရာတွေဖြစ်လာတယ်၊ ကျွန်မတို့ ပြည်သူတွေ ကျွန်မမေတ္တာရပ်ခံချင်ပါတယ် တာဝန်ယူလိုက်ပါ၊ အဲ့လိုတာဝန်ယူမှ အစိုးရကို ကိုယ်က ချုပ်ကိုင်ထားလို့ရမှာ ကိုယ်ကတာဝန်မယူဘဲနဲ့ ကိုယ့်အစိုးရကို ချုပ်ကိုင်ထားလို့ရမှာမဟုတ်ဘူး”
ဒါ့အပြင် အခွန်ဘဏ္ဍာငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုနေလဲဆိုတာ အစိုးရက မရှင်းပြတဲ့အတွက် ပြည်သူတွေဟာ အခွန်ဆောင်ချင်စိတ်မရှိကြတာဖြစ်ကြောင်းနဲ့ ဒါတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာနဲ့ ဆက်စပ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။
ပြင်ဦးလွင်မြို့ ဒေသခံတွေဖက်ကလည်း သူတို့လိုအပ်ချက်တွေထဲက လျှပ်စစ်မီး အလုံအလောက် မရတဲ့ အခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကို တင်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲကတည်းက ပြင်ဦးလွင်မြို့ကို လာရောက်ပြီး ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဒီကနေ့မှ အထမြောက်ခဲ့တာလို့ သိရပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template