Headlines News :
Home » » ကိုမင်းကြည်ရဲ့ တကိုယ်တော် ဆန္ဒပြ တောင်းဆိုမူကြောင့် မအီနဲ့ ရွာမကို ဆရာဝန် (၂) ဦး စေလွှတ်ပြီ

ကိုမင်းကြည်ရဲ့ တကိုယ်တော် ဆန္ဒပြ တောင်းဆိုမူကြောင့် မအီနဲ့ ရွာမကို ဆရာဝန် (၂) ဦး စေလွှတ်ပြီ

Written By လွင့်မောင်မောင် on Thursday, June 13, 2013 | 2:15 PM


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့နယ်ခွဲ ဆေးရုံတွင် ဆရာဝန်မရှိသဖြင့် ဆရာဝန်များ အမြန်ဆုံး စေလွှတ်ပေးရန် ကိုမင်းကြည်မှ တကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပြီး  ၂ ရက်အကြာတွင်  ဆရာဝန် (၂) ဦးကို အဆိုပါ ဒေသသို့ စေလွှတ်ပေးလိုက်သည်ဟု သိရှိရသည်။
Protester Taungup hospital 
တကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမင်းကြည်(ခေါ်) ကိုမောင်မဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ဇွန်လ ၉ ရက်နေ့ကဆန္ဒပြ တောင်းဆိုမူကို ပြုလုပ်ခဲ့သည်။   ဇွန်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် ကျန်းမာရေးဌာက ဆရာဝန် (၂) ဦးကို စေလွှတ်ခဲ့သည်ဟု ဆိုသည်။
တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေး မှူး ဦးမင်းအောင်က နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ၂ ရက်လောက် ရှိပါပြီ။ ရွာမရွာ တိုက်နယ်ဆေးရုံနဲ့ မအီမြို့နယ်ခွဲ ဆေးရုံအတွက် ဆရာဝန်တဦးစီ ချပေးပါတယ်။ ရွာမရွာမှာက တော့ တောင်ကုတ်ဒေသခံ ဒေါက်တာ အောင်နိုင်စိုးပါ။ မအီမြို့နယ်ခွဲ အတွက် ဆရာဝန်ကတော့ ကျွန်တော် နာမည်ကို အတိအကျ မပြောနိုင်ဘဲ  ဖြစ်နေပါတယ်။”
ရခိုင် သတင်းများကို ရံဖန်ရံခါ ဖေါ်ပြလေ့ရှိသော ရန်ကုန် အခြေစိုက် မဇ္ဈိမ သတင်းတွင် ဆရာဝန်နှစ်ဦးမှာ မအီမြို့ဆေးရုံအတွက် ဒေါက်တာ ထက်ပိုင်စိုးနှင့် ရွာမတိုက်နယ် ဆေးရုံအတွက် ဒေါက်တာအောင်နိုင်စိုး ဖြစ်ကြောင်း ဖေါ်ပြသည်။
ယခုကဲ့သို့ ဆရာဝန်များ စေလွှတ်ပေးလိုက်သဖြင့် ဒေသခံ ပြည်သူများမှာ အလွန် ၀မ်းမြောက် နေကြသည်ဟု ကိုမင်းအောင်က ဆိုသည်။
တကိုယ်တော်ဆန္ဒပြသဖြင့် ရွာမနှင့် မအီ ဆေးရုံတွင် ဆရာဝန်များကို ချပေးခဲ့သော်လည်း ကိုမင်းကြည်ကိုမူ သက်ဆိုင်ရာမှ ခေါ်ယူပြီး နောက်နောင် ဆန္ဒမပြရန် လက်မှတ်ရေးထိုးခိုင်းကာ တားဖြစ်ခဲ့ရသည်ဟု ကိုမင်းအောင်က ပြောသည်။
“ ကိုမင်းကြည်ကို ရဲက ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းတယ်။ နောက်နောင် တရားမ၀င် ဆန္ဒပြတာတွေ မလုပ်ရဘူး ဆိုပြီး လျှောက်လွှာစာရွက်မှာ လက်မှတ်ရေးထိုးရပါတယ်။ နောက်တနေ့မှာ ကျွန်တော့်ကို အသိသက်သေ အ ဖြစ်ခေါ်ယူပြီးတော့ ကိုမင်းကြည် လက်မှတ်ရေးထိုးထားတဲ့ စာရွက်မှာ ကျွန်တော်ကို လက်မှတ် ရေးထိုးခိုင်း ပါတယ်။”
မအီမြို့မှာ တောင်ကုတ်မြို့မှ ၄၈ မိုင်အကွာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်တွင်တည်ရှိပြီး မအီဆေးရုံနှင့် တန်းလွဲချောင်း ရွာမကျေးရွာ တိုက်နယ်ဆေးရုံးတွင် ဆရာဝန်များကင်းမဲ့နေသည်မှာ ၇ လခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
လူဦးရေ (၂) သိန်း နီးပါးခန့်ရှိသော ပုဏ္ဏားကျွန်း မြို့နယ်တွင်လည်း ဆရာဝန် (၁) ဦးသာရှိသဖြင့် ဆရာဝန်များ စေလွှတ်ပေးရန် ကျန်းမရေးဝန်ကြီးဌာနသို့ တောင်းခံထားရာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် တိုက်နယ်ဆေးရုံ အတွက် အမျိုးသမီးဆရာဝန်တဦးကို စေလွှတ်ပေးခဲ့သည်ဟု သိရသည်။
မောင်ရမ္မာ (နိရဉ္စရာ )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template