Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတာ အံ့သြ၀မ်းသာရကြောင်း ဖိလစ်ပိုင်သမ္မတပြောကြား

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတာ အံ့သြ၀မ်းသာရကြောင်း ဖိလစ်ပိုင်သမ္မတပြောကြား

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 11:29 PM

 
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် ခေတ္တတွေ့ဆုံရချိန် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရကြောင်း ဖိလစ်ပိုင် သမ္မတ ဘင်နီနို အကွီနိုက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရတာဟာ သမိုင်းဝင် ပုဂ္ဂိုလ်တဦးနဲ့ တွေ့ရတာမျိုးဖြစ်သလို သူ့ကိုယ်ရေး ကိုယ်တာ အဖြစ်အပျက်တွေနဲ့လည်း ဆက်စပ်နေတဲ့အတွက်ဖြစ်တယ်လို့ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဖိလစ်ပိုင်သမ္မတက ပြောကြောင်း ဒီကနေ့ မနီလာမှာထုတ်ဝေတဲ့ The Philippine Daily Inquirer သတင်းစာက ရေးပါတယ်။

သူ့ဖခင် နီနွိုင်းအကွီနိုနဲ့ မိခင်ဖြစ်သူ ကိုရာဇန် အကွီနိုတို့ မတရားဖိနှိပ်မှုမျိုးတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နည်းတူ ဒေါ်အောင်ဆန်းစုကြည်လည်း ရင်ဆိုင်ခံစားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ စကားပြောရတာကို အံ့သြ၀မ်းသာဖြစ်ခဲ့ရကြောင်းလည်း ဖိလစ်ပိုင်သမ္မတက ၀န်ခံပြောကြားပါတယ်။

ဖိလစ်ပိုင်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ ဖခင်ဖြစ် နီနွိုင်း အကွီနိုဟာ အာဏာရှင် သမ္မတဟောင်း မားကို့စ်ကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်မှာ ဒီမိုကရေစီစနစ်ပြန်ထွန်းကားဖို့ ကြိုးပမ်းရင်း ၁၉၈၃ မှာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရ သူဖြစ်ပါတယ်။

မိခင် ကိုရာဇုန်အကွီနိုကတော့ ခင်ပွန်းဆုံးအပြီး ၁၉၈၆ မှာ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ အာဏာ ဆန္ဒပြပွဲကြောင့် သမ္မတဟောင်းမားကို့စ်ကို ဖြုတ်ချနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဖိလစ်ပိုင် သမ္မတဖြစ်လာသလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ရေးကို ကွယ်လွန်တဲ့ အထိ ထောက်ခံတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template