Headlines News :
Home » » လူငယ်များ အလုပ်အကိုင်ရရှိရန် အမြန်ဆုံးနည်းလမ်းမှာ အသက်မွေးဝမ်းကျောင်းပညာဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လူငယ်များ အလုပ်အကိုင်ရရှိရန် အမြန်ဆုံးနည်းလမ်းမှာ အသက်မွေးဝမ်းကျောင်းပညာဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 6:50 PM


 
ရန်ကုန်၊ ဇွန်-၈
အသက်မွေးဝမ်းကျောင်း ပညာရေးသည် လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် အရည်အသွေးပြည့်ဝစေမည့် အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေးဖို ရမ်တွင် ဆွေးနွေးပြောဆိုသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း လူအများကိုအရည်အသွေးမြှင့်တင်ရန်နှင့်သင်တန်းများပံ့ပိုးသွားရန် ပြည်တွင်းနှင့် ပြည်ပအကူ

အညီများ လိုအပ်နေကြောင်း အဆိုပါဖိုရမ်သို့ တက်ရောက်သူများက ဆွေးနွေးခဲ့ကြသည်။

“ကျွန်မတို့က အလွန်ဆိုးရွားတဲ့ ပညာရေးစနစ်ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတယ်။ အသက်လေးဆယ်အရွယ် လူအများအပြားဟာ တန်ဖိုးရှိတဲ့ အလုပ်အကိုင်အတွက် အသင့်ဖြစ်မနေပါဘူး။ သူတို့အတွက် ကျောင်းပညာရေးကို
ပြန်သွားဖို့လည်း မလွယ်ကူပါဘူး”ဟု အသက် မွေးဝမ်းကျောင်းသင်တန်းများ လိုအပ်နေမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


ဖိလစ်ပိုင်နိုင်ငံမှ အာယာလာကော်ပရေးရှင်းဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်က ၎င်းတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံကဲ့သို့ အခြေ အနေနှင့် ကြုံတွေ့ခဲ့ရပြီး လူငယ်များ အနေဖြင့် အထပ်ထပ်ရွတ်ဆိုကျက် မှတ်သော လေ့လာသင်ယူမှုမျိုး မဟုတ်ဘဲ အတွေးအခေါ်၊ တီထွင်ဖန်တီးမှုစွမ်းရည်နှင့် ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးထားရမည်ဟု ဆွေးနွေးခဲ့သည်။

“အကယ်ဒမစ်ပညာရေး ပုံစံအသစ်ဖြစ်ပေါ်လာအောင် စီးပွား ရေးက ကူညီနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်မှုအစီအစဉ်အတွက် ဂျပန်နိုင်ငံကကူညီသွားရန် ကြေညာထားပြီး အခြားနိုင်ငံများကလည်း ပညာရေးနှင့်အရည်အသွေးမြှင့်တင်ခြင်းတို့အတွက် ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးအပ်လျက်ရှိသည်။

“အသက် မွေးဝမ်းကျောင်း ပညာတင်မဟုတ်ဘူး။ ၀န်ဆောင်မှုပညာတွေ၊ နည်းပညာကျွမ်းကျင်မှုတွေလည်း လိုအပ်နေပါတယ်။

 နိုင်ငံစီးပွားရေးတည်ဆောက်မှုမှာ လိုအပ်တဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေကို တိတိကျကျ ဖော်ထုတ်ပြီး သင်တန်းတွေပေးသင့်ပါတယ်။ စင်ကာပူနိုင်ငံမှာဆို အသက်မွေးဝမ်းကျောင်းသွားမယ်သူတွေအ တွက်
သီးသန့်ရွေးထုတ်လိုက်သလို အကယ်ဒမစ်အတွက်လည်း လမ်းကြောင်းသပ်သပ်ရှိနေပါတယ်” ဟု နိုင်ငံတကာ ပညာရေးကျွမ်းကျင်သူ တစ်ဦးကသုံးသပ်သည်။

ပညာရေးဝန်ကြီးဌာနကလည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတိုးချဲ့ဖွင့်လှစ်သွားရန်နှင့် တက္ကသိုလ်များတွင် လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းများတိုးမြှင့်ဖွင့်လှစ်သွားရန် စီစဉ်နေသည်။
သတင်း-7Day News Journal
ဓာတ်ပုံ- NLD
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template