Headlines News :
Home » » ပြည်ပသို့ ကျွန်းသစ်တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အလုံးလိုက် လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း သစ်တောဝန်ကြီး ပြောကြား

ပြည်ပသို့ ကျွန်းသစ်တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အလုံးလိုက် လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း သစ်တောဝန်ကြီး ပြောကြား

Written By လွင့်မောင်မောင် on Sunday, September 29, 2013 | 8:56 AM

 V-29-9
သီလ၀ါ ဆိပ်ကမ်းတွင် သြဂုတ်လ အတွင်းက သင်္ဘာပေါ်သို့ သစ်လုံးများ တင်နေစဉ် (ဓာတ်ပုံ -၀င်းမြင့်ကျော် )
ပြည်ပသို့ ကျွန်းသစ်လုံး တင်ပို့မှုကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ မြေစီမံ ခန့်ခွဲမှုဆိုင်ရာ သတင်းထုတ်ပြန် ရှင်းလင်းပွဲအပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့်ကို သမ္မတက ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ပဲ ပြောတော့ ကျွန်တော့်အတွက် ဘတ်ဂျက်ရှာပေးရတဲ့ နေရာမှာ ဘာမှဖိအား မရှိဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ဆောင်သွားမှာပါ" ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
ထို့အတူ သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက "ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုကို ငါးနှစ်တစ်ကြိမ် FAO နှင့် ပူးပေါင်းဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၅ မှာ ငါးနှစ်ပြည့်ရင် ဆန်းစစ်ဖို့ လုပ်ငန်းတွေ လုပ်နေပါတယ်။ ကျွန်တော်တို့က FOI ဥပဒေပေါ်မှာ အခြေခံပြီး MIC က တိုက်ရိုက်စီမံ ခန့်ခွဲမှာပါ။ သစ်တောစီမံမှု မြေတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျွန်တော်တို့ ဥပဒေတွေ ပါလာမှာပေါ့" ဟု ပြောကြားသည်။
"နိုင်ငံတော်မှာ သစ်တောပြုန်းတီးမှုတွေ၊ သယံဇာတ ပြုန်းတီးမှုတွေ ရှိလာတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး နိုင်ငံတော်မှာ သစ်ထုတ်လုပ်မှုကို လျှော့ချခဲ့ပါတယ်။ ကျွန်းက ၁၅ ရာခိုင်နှုန်း၊ သစ်မာဆိုရင် ၂၂ ရာခိုင်နှုန်းလောက် လျှော့ခဲ့ပါတယ်။ ဒီနှစ်မှာ ကျွန်းကို ၄၂ ရာခိုင်နှုန်း လျှော့မယ်။ သစ်မာကို ၅၀ ရာခိုင်နှုန်း လျှော့မယ်။ အလားတူ အလုံးလိုက် ပြည်ပတင်ပို့မယ့် ကိစ္စကို ၂၀၁၄ မှာ တင်ပို့ခွင့် မပြုတော့ဘူး။ ကုန်ကြမ်းအနေနဲ့ ပေးရတော့ အကျိုးအမြတ် နည်းတယ်။ နိုင်ငံမှာ သစ်အခြေခံ လုပ်ငန်းတွေ လုပ်ခွင့်ပေးလိုက်ရင် ရလာမယ့် အကျိုးအမြတ်က များသလို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက် လာမှာပါ" ဟု ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template